အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ တက်ရောက်အမှာစကားပြော( မြစ်ကြီးနား )
မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှကြီးမှူးကျင်းပ ပြုလုပ်သည့် ရှေ့လုပ်ငန်းစဉ်များအောင်မြင်စွာအကောင် အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို (၂ -၁၁ -၂၀၁၆)ရက်နေ့ နံနက်(၉)နာရီ တွင်မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ တက်ရောက် အဖွင့် အမှာစကားပြောကြားကြောင်း ထိုနောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း အလုပ်ရုံဆွေး နွေးပွဲ ဆောင်ရွက်သွားမည့်အစီအစဉ်များ ရှင်းလင်းတင်ပြကာ ဖွင့်ပွဲ အစီအစဉ်များ ပြီးမြောက်ခဲ့ပြီး ဖွင့်ပွဲအခမ်း အနားသို့ပြည်နယ်ကော်မတီဝင်များဖြစ်သည့် ဦးတင်မောင်ဝင်း၊ ဦးသန်းအောင်၊ ဦးအားဆီ၊ အရန်ကော်မတီဝင် ဦးသိန်းထွန်းအေး၊ ခရိုင်ကော်မတီ၊မြို့နယ်ကော် မတီဝင်များ၊ရပ်ကွက်ကျေးရွာများမှ စည်းရုံးရေးမှူးများ၊ လူငယ်၊ အမ်ျိုးသမီး၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ စုစုပေါင်း( ၁၂၅ )ဦး တက်ရောက်ခဲ့ကြကြောင်း ဆွေးနွေး ပွဲတွင် ပါတီဗဟိုညီလာခံမှ ချမှတ်ခဲ့သည့် ရှေ့ လုပ်ငန်းစဉ်များအား အစုအဖွဲ့ (၄) ဖွဲ့ဖြစ်သည့် စည်းရုံးရေးမှူးများပါဝင်သည့် အစုအဖွဲ့၊လူငယ်များ ပါဝင်သည့် အစုအဖွဲ့(၂ )၊ အမျိုးသမီး များပါဝင်သည့် အစုအဖွဲ့ (၃)၊ တောင်သူလယ်သမားများပါဝင်သည့် အစုအဖွဲ့(၄)တို့ ဖြင့်ဆောင် ရွက်ခဲ့ကြပြီး အစုအဖွဲ့များအလိုက် ဆောင် ရွက်သွားမည့် အစီအမံများကို presentation တင်ပြ သွားကြမည်ဖြစ်ပြီး ယင်းတင်ပြချက်များကို မြို့နယ်ပါတီ ကအကောင်အထည် ဖေါ်ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲကို ညနေ(၄)နာရီထိဆောင်ရွက်သွားကြ မည်ဖြစ်ပါသည်။
Credit U Nyunt Win