ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ (၆) ရက်နေ့ နံနက် (၉) နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

14581315_321772398198489_9117074209174411709_n

အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ က အဖွင့်အမှာစကား ပြောကြား ရာတွင် ပါတီကော်မတီအဆင့်ဆင့်အနေဖြင့် အမိန့်ပေးမှ၊ ခိုင်းမှ လုပ်ကိုင်ဆောင်ရွက်တတ်သည့် စိတ်ဓါတ်ကို ပြုပြင်ပြီး တာဝန်သိမှု၊ တာဝန်ရှိမှုနှင့် တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်တတ်သည့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပါတီဝင်အင်အား မြေပြင်စာရင်းအမှန်အကန် စီစစ်ထားရှိရေးနှင့် ပါတီမိတ်ဆွေများ တိုးပွါးအောင် ဆောင်ရွက်ထားရှိရေး၊ လုပ်နည်းကိုင်နည်း ပြုပြင်ပြောင်းလဲလျှက်ရှိရာ အမည်ခံဆောင်ရွက်တတ် သောစံနစ်မဟုတ်၍ လုပ်ငန်းများကို သေချာစွာဆောင်ရွက်စေလိုကြောင်း၊ နှစ်ဆကြိုးစားဆောင်ရွက်ပါမှ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ အခြေခံ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းထိတွေ့ ဆောင်ရွက်သွားရန်လို ကြောင်း လမ်းညွှန်မှာကြားပါသည်။

ထိုနောက် အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်၊ ခရိုင် ပါတီဥက္ကဋ္ဌများက မိမိမြို့နယ်ပါတီ စည်းရုံးရေး ဆိုင်ရာများ တင်ပြဆွေးနွေးရာ ပြည်နယ်ဥက္ကဋ္ဌက လိုအပ်ချက်များ ဖြည့်စွက်လမ်းညွှန်ခဲ့ကြောင်း သိရသည်။

# Nyunt Win


Leave a Reply