ပုသိမ်ကြီးတွင် ရပ်/ကျေးပါတီ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအစည်းအဝေး ၁/၂ဝ၁၆ ကို ယနေ့ နံနက် ၁ဝ နာရီတွင်ပြုလုပ်ရာ ခရိုင်ပါတီကော်မတီဝင် ဦးထွန်းထွန်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင် ၅၃ ဦး စုစုပေါင်း ၆၅ ဦး တက်ရောက် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ဥက္ကဋ္ဌက ဗဟိုညီလာခံ၏အတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူးက ပါတီအတွင်း ဒီမိုကရေစီထွန်းကားရေးနှင့် စည်းလုံးညီညွတ်ကြရေး၊ ပါတီအောင် နိုင်ရေးကိစ္စများ ပြောကြားခဲ့သည်။

ဘဏ္ဍာရေးမှူးက ပါတီဝင်တိုင်း လိုက်နာရမည့် စည်းကမ်းများ၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ရပ်/ကျေးပါတီခေါင်းဆောင်များက တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ကိုမန်း


Leave a Reply