DJI ၏ Mavic Pro ဒရုန်းသစ်ကို နိုဝင်ဘာလတွင် Apple စတိုးများမှ ရောင်းချမည်

DJI သည် အရွယ်အစား သေးငယ်သည့် နောက်ဆုံးပေါ်ဒရုန်းဖြစ်သော Mavic Pro ကို မိတ်ဆက်ကြေညာခဲ့သည်။ DJI Mavic Pro ကို ခေါက်သိမ်းပြီး အိတ်တစ်ခုထဲထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။

djimavic-800x396

Mavic Pro ကို ခေါက်သိမ်းထားသည့်အခါတွင် ရေဘူးတစ်ဘူး အရွယ်ခန့်သာ ရှိသောကြောင့် ဒရုန်းအများစု ပိုမိုအဆင်ပြေ လွယ်ကူစွာ သယ်ဆောင်သွားနိုင်သည်။ ၎င်းတွင် 4K ဗီဒီယိုကို 30fps ဖြင့် ရိုက်ကူးနိုင်သည့် stabilized 12-megapixel ကင်မရာတစ်ခုနှင့် FlightAutonomy visual navigation system ပါဝင်သည်။ ၄.၃ မိုင် အကွာအဝေးမှ တိုက်ရိုက်ဗီဒီယိုများ ရိုက်ကူးပေးနိုင်ပြီး ဘက်ထရီကို အားတစ်ကြိမ်သွင်းရုံဖြင့် ၂၇ မိနစ်အကြာ အသုံးပြုနိုင်သည်။

Mavic Pro တွင်ပါဝင်သည့် FlightAutonomy တွင် ကင်မရာငါးခု၊ GPS နှင့် GLONASS navigation system များ၊ အလွန်လျင်မြန်သည့် range finder များအပြင် ဒရုန်းအတွက် လမ်းကြောင်းများကို လမ်းညွှန်ခြင်းနှင့် စီစဉ်ခြင်း အတွက် computing core ၂၄ ခုပါဝင်သည်။ ၎င်းသည် တစ်နာရီ ၂၂ မိုင်နှုန်းဖြင့် ပျံသန်းနေစဉ် အတားအဆီး များကို ရှောင်လွှဲနိုင်ပြီး အမြန်နှုန်း တစ်နာရီ မိုင် ၄၀ နှုန်းအထိ ပျံသန်းနိုင်မည်ဖြစ်သည်။

Macvic Pro ကို built-in LCD screen တစ်ခု ပါဝင်သော ဂိမ်းခလုတ်အရွယ် အဝေးထိန်း ခလုတ်တစ်ခုဖြင့် ထိန်းချုပ်နိုင်သလို တွဲဖက်အသုံးပြုနိုင်သော app တစ်ခုနှင့်အတူ iPhone နှင့် iPad ပေါ်မှလည်း ထိန်းချုပ် နိုင်သည်။

DJI Mavic Pro ၏ တန်ဖိုးမှာ အဝေးထိန်း ခလုတ်ပါဝင်ပါက ၉၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး အဝေးထိန်း ခလုတ်မပါက ၇၄၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ ထပ်ဆောင်း ဘက်ထရီများအတွက် ၈၉ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။ ဘက်ထရီအပိုနှစ်ခု၊ အပိုဆောင်းပန်ကာများ၊ charging hub တစ်ခု၊ adapter တစ်ခု၊ car charger တစ်ခုနှင့် အိတ်တစ်ခု ပါဝင်သော Mavic Pro bundle အတွက် ၁,၂၉၉ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။

Mavic Pro ကို ယနေ့မှစတင်ကာ DJI ဝက်ဘ်ဆိုက်မှ ကြိုတင်မှာယူနိုင်ပြီး မကြာမီတွင် Apple.com မှ မှာယူနိုင်မည်ဖြစ်သည်။

၎င်းဒရုန်းကို အောက်တိုဘာလလယ်တွင် ဟောင်ကောင်၊ ဆိုးလ်နှင့် ရှန်ကျန်းရှိ DJI စတိုးများမှ ရောင်းချသွား မည်ဖြစ်သည်။ Apple လက်လီစတိုးမှ ရောင်းချမှုများကို နိုဝင်ဘာလလယ်တွင် စတင်သွားမည်ဖြစ်သည်။

Ref: MacRumors


Leave a Reply