အင်ဒိုမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးသွားများကို ရွှေ့ပြောင်းပေးရ

indo

အင်ဒိုနီးရှားနိုင်ငံရှိ အပျော်ခြေလျင်ခရီးထွက်မှု များပြားတဲ့ နေရာတစ်ခုမှာ မီးတောင်ပေါက်ကွဲခဲ့မှုကြောင့် နိုင်ငံခြားသားအများစု အပါအဝင် ခရီးသွား ၄၀၀ နီးပါးကို ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လွမ်ဘွတ်ခ်ကျွန်းပေါ်ရှိ ဘာရူဂျာနီမီးတောင်မှာ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းမှာ စတင်ပေါက်ကွဲခဲ့ပြီး မီးတောင်အထက် ၁.၂ မိုင်အကွာအထိ မီးခိုးနဲ့ ပြာမှုန်များ ထွက်ရှိခဲ့ကြောင်း သိရပါတယ်။

ခရီးသွားတွေအနေနဲ့ မီးတောင်နဲ့ ၂ မိုင်နီးပါး ပတ်လည်အတွင်း သွားရောက်ခြင်းမပြုရန် တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ မီးတောင်ပေါက်ကွဲမှု အန္တရာယ်မှာ မြင့်တက်လာခဲ့ပေမယ့် အဆိုးရွားဆုံး အန္တရာယ်ဖြစ် နိုင်တဲ့ အခြေအနေကို မရောက်ရှိသေးဘူးလို့ ဆိုပါတယ်။

မီးတောင်ပေါက်ကွဲနေမှုကြောင့် ယနေ့မှာ လေကြောင်းခရီးစဉ် ဖျက်သိမ်းရမှု မရှိခဲ့သေးကြောင်း အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ စက်တင်ဘာ ၂၇ ရက် ညပိုင်းက လွမ်ဘွတ်ခ် ကျွန်းအနီးရှိ ဘာလီကျွန်းမှ ထွက်ခွာမယ့် လေကြောင်းခရီးစဉ်နဲ့ ဘာလီကိုသွားမယ့် လေကြောင်း ခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့ရပါတယ်။

လွမ်ဘွတ်ခ် နိုင်ငံတကာလေဆိပ်မှာမူ မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်များကို သက်ရောက်မှု မရှိသေးဘူးလို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ ပေါက်ကွဲနိုင်တဲ့ မီးတောင် ၁၃၀ ရှိကြောင်းလည်း သိရပါတယ်။

Source & Photo: AFP

# Duwun


Leave a Reply