ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီ၊ ချမ်းမြသာစည်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ၏ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ဦးပွားဘုရား ပရိဝုဏ်အတွင်း၌ စက်တင်ဘာ (၂၄) ရက် နံနက် ၇ နာရီ ကျင်းပခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးရာသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီ ဥက္ကဋ္ဌဦးဘိုသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ချမ်းမြသာစည်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၁ဝဝ ဦးခန့် တပျော်တပါး အမှတ်တရသစ်ပင်စိုက်ပျိုးပေးခဲ့ကြသည်။

”ကျွန်တော်တို့ ပါတီက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေဖို့အတွက် ဟိုအရင်က တည်းက အရိပ်ရ သစ်ပင်စိုက်ပျိုး ပေးတာတွေကို ဆောင်ရွက်ခဲ့ပါ တယ်။ အခုလည်း ဘုရားပရိဝုဏ် အတွင်း အရိပ်ရပင်မရှိတဲ့နေရာ တွေမှာ ကျွန်း၊ မဲဇလီ၊ စိန်ပန်း နဲ့ခရေစတဲ့သစ်ပင်စိုက်ပျိုးခဲ့တာ ပါ။

ခုစိုက်တဲ့သစ်ပင်တွေ ရှင်သန် ကြီးထွားလာအောင်လည်းကျွန်တော် တို့မြို့နယ်အနေနဲ့ ဂရုစိုက် ဆောင်ရွက်သွားမှာပါ။ ဒါမှလည်း ဘုရား ဖူးလာတဲ့ ပြည်သူတွေ နားနား နေနေ အနားယူ အပန်းဖြေသွား နိုင်မှာပါ” ဟု သစ်ပင်စိုက်ပျိုးရ ခြင်းနှင့်ပတ်သက်၍ချမ်းမြသာစည် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ် ဥက္ကဋ္ဌဦးကိုကိုဦးက ရှင်းလင်းပြော ကြားသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရသစ်ပင်မျိုးများဖြစ်ကြသည့် ကျွန်းပင် ၁ဝဝ နှင့်မဲဇလီ၊ စိန်ပန်း၊ ခရေအစရှိသော အရိပ်ရပင် စုစု ပေါင်း ၂ဝဝ အား စိုက်ပျိုးပေးခဲ့ ကြောင်း သိရသည်။

သုတ


Leave a Reply