လိဂ်ဖလားစတုတ္တအဆင့်တွင် မန်ချက်စတာဒါဘီ တွေ့ဆုံနေ
Britain Football Soccer - Northampton Town v Manchester United - EFL Cup Third Round - Sixfields Stadium - 21/9/16 Manchester United's Marcus Rashford celebrates scoring their third goal with Zlatan Ibrahimovic and Ander Herrera Action Images via Reuters / John Sibley Livepic EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or "live" services. Online in-match use limited to 45 images, no video emulation. No use in betting, games or single club/league/player publications. Please contact your account representative for further details.
အင်္ဂလိပ်လိဂ်ဖလားပြိုင် ပွဲ စတုတ္ထအဆင့်တွင် မန်ချက်စတာမြို့ခံနှစ်သင်းသည်အိုးထရက်ဖို့ဒ်၌ ထိပ်တိုက်တွေ့ကြမည် ဖြစ်သည်။
မန်ယူက နော်သမ်တန်ကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီ မန်စီးတီး က ဆွမ်ဆီးကို ၂-၁ ဂိုးဖြင့် ကျော် ဖြတ်ခဲ့ပြီးနောက် ၎င်းတို့နှစ်သင်း ကြား ယခုရာသီတွေ့ဆုံမှု ဖြစ်လာ ခဲ့သည်။ စက်တင်ဘာ ၁၀ ရက်က ဒါဘီပွဲတွင် မန်စီးတီးက ၂-၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
အချိန်ပွဲစဉ်များတွင် ၀က်စ် ဟမ်းက လန်ဒန်ပြိုင်ဘက် ချယ်လ် ဆီးကို လက်ခံကစားမည်ဖြစ်ကာ စပါးက လီဗာပူးသို့ သွားကစား ရမည်ဖြစ်သည်။
လိဂ်ပွဲစတုတ္ထအဆင့် ပွဲစဉ် များကို အောက်တိုဘာ ၂၄ ရက် တွင် ကစားမည်ဖြစ်သည်။
 လိဂ်ဖလားစတုတ္ထအဆင့် မှာပင် ဘင်နီတက်ဇ်၏ နယူးကာ ဆယ်သည် ပရက်စတန်နှင့် တွေ့ ဆုံကာ နောဝစ်ခ်ျက လိဒ်စ်ကွင်း သို့ သွားကစားရမည်ဖြစ်သည်။
ဟူးလ်နှင့် ဘရစ်စတိုးလ်၊ ဆောက်သမ်တန်နှင့် ဆန်းဒါး လန်း၊ အာဆင်နယ်နှင့် ရီဒင်းတို့ တွေ့ဆုံကြမည်ဖြစ်သည်။
—Ref: BBC
Leave a Reply