“ပါတီဝင်တိုင်းသည် ပါတီစည်းမျဉ်း/စည်းကမ်းများကို လိုက်နာကြရန်လိုကြောင်း” ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံစဉ်ပြောကြား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ထောင်ကုန်းလမ်းထောင့်ရှိ တိုင်းဒေသကြီး ပါတီ ရုံးခန်းမ၌ မေလ (၉) ရက်နေ့ နံနက် (၉) နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ငပုတော၊ သာပေါင်း ခုနစ်မြို့နယ်မှ ပါတီအတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

ဦးစွာ ဗဟိုအတွင်းရေးမှူးက ”၂ဝ၁၅ ရွေးကောက်ပွဲအပြီးတွင် ယခုပြန်လည်တွေ့ဆုံမှုဖြစ်ကြောင်း၊ မိမိတို့ပါတီသည် ရှုံးနိမ့်ပြီးနောက် မည်ကဲ့သို့ရှေ့ဆက်မည်၊ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ပြန်လည် အနိုင်ရရှိရန် ဆောင်ရွက်ရမည့်ကိစ္စများ၊ မည်သူ့ကိုမှအားမကိုးဘဲ ယုံကြည်ချက်၊ ခံယူချက် ခိုင်မာစွာ ဖြင့် ပြန်လည်တည်ဆောက်ကြရန်၊ ဘောလုံးပွဲကဲ့သို့ အနိုင်အရှုံးရှိမည်ဖြစ်ပြီး ထွက်ပေါ်လာသည့် ရလဒ်အပေါ် ခံနိုင်ရည်ရှိကြရန်၊ အစိုးရ၊ ပါတီ၊ လွှတ်တော် ပူးပေါင်းဆောင်ရွက်နိုင်မှု လွန်စွာအားနည်း ကြောင်း Know Yourself ဖြစ်ရန်လိုကြောင်း၊ ပါတီဝင်တိုင်းသည် ပါတီစည်းမျဉ်း/စည်းကမ်းများကို လိုက်နာကြရန်လိုကြောင်း၊ ပါတီတစ်ခုတွင် ပါတီညီလာခံသည် အမြင့်ဆုံးဖြစ်ကြောင်း၊ ရှုံးနိမ့်မှုအပေါ် စိတ်ဓာတ်ကျနေ၍မဖြစ်ကြောင်း၊ စည်းမှူးများက ရွေးကောက်ပွဲကာလတွင် ဇာတ်နာအောင်မပြောနိုင်ခဲ့ ကြောင်း၊ ကြီးမားသည့် အောင်မြင်မှုရရှိရန် ကြီးမားသည့် အခက်အခဲများကို ကျော်ဖြတ်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်က ပါတီရှုံးနိမ့်မှု၊ ECလျှော့ချမှု၊စရိတ်ဖြတ်တောက်မှုကြောင့် ပါတီတွင်းအခြေအနေဆိုးရွားခဲ့ကြောင်း၊ ထိုသို့သောအခြေ အနေမျိုးတွင် ပါတီဗဟိုမှ သုတေသနပြုလုပ်ပြီး အဖြေဆန်းစစ်သွား ရန် လူငယ်သည်အနာဂတ်ဖြစ်၍ ငါးနှစ်တာသင်ခန်းစာယူပြီး ခဝါချ ကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ကြရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ထို့ နောက် တက်ရောက်လာသည့် မြို့ နယ်များက လက်တွေ့ဆောင်ရွက် မှုအပေါ် ကြုံတွေ့ရသည့်အခက် အခဲများကိုတင်ပြရာ ဗဟိုအတွင်း ရေးမှူးကနိဂုံးချုပ်အမှာစကားပြော ကြားကာ မွန်းလွဲ ၁နာရီခွဲတွင် အခမ်းအနားပြီးဆုံးခဲ့သည်။

ယနေ့အခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်တင်မြင့်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ပုသိမ်ခရိုင်အတွင်း ရေးမှူး ဦးကျော်ကျော်နှင့် ခရိုင်ကော်မတီဝင်များ၊ ခုနစ်မြို့နယ်မှ အတွင်းရေးမှူးများနှင့် မြို့နယ် ပါတီကော်မတီ ဝင်များ စုစုပေါင်း (၉ဝ)တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကိုကိုလတ်


Leave a Reply