အမေရိကန်သမ္မတဖြစ်ရန် စကားစစ်ထိုးပွဲ၌ အကြမ်းဖက်တိုက်ဖျက်ရေးမူဝါဒ အရေးကြီးသော အကြောင်းအရာဖြစ်လာ

14359183_1757677751139392_5497272789154247828_n

ဝါရှင်တန် စက်တင်ဘာ ၂ဝ

နယူးယောက်နှင့်နယူးဂျာစီတွင် လွန်ခဲ့ သော ရက်သတ္တပတ်ကဗုံးများ ပေါက် ကွဲပြီးနောက် အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်မှုများသည် အမေရိ ကန်သမ္မတ ရွေးကောက်ပြိုင်ပွဲအတွက် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်လာကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်က အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း အတွေ့ အကြုံများကို အသုံးချမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်ကလည်း လူဝင်မှုကြီးကြပ်ရေးကို စိစစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကလင်တန်က ¤င်းသည် စစ်မြေပြင်၌ အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ အတွေ့အကြုံရှိသူဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အကြမ်းဖက်မှုများကို ကိုင်တွယ်ရန်အတွက် ထိရောက်သော အစီအစဉ်တစ်ခုလည်း ရှိကြောင်း ကလင်တန်က ပြောကြားခဲ့သော်လည်း ထရန့်ထံမှ အကြမ်းဖက် တိုက်ဖျက်မှုနှင့် ပတ်သက်ပြီး မည်သည့်အစီအစဉ်မှ ချပြခြင်း မရှိသေး ချေ။

အိုဘားမား – ကလင်တန်အယူဝါဒများက အကြမ်းဖက်မှုများကို ကိုင်တွင်ရာတွင် ပျော့ပြောင်းသလို ဖြစ်နေကြောင်း၊ အကယ်၍ ၄င်းသာ သမ္မတဖြစ်ပါက အကြမ်းဖက်မှုများ ကို တုံ့ပြန်ရာ၌ ပျော့ပြောင်းသည့် မူဝါဒများကို လုံးဝသည်းခံမည် မဟုတ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

အကြမ်းဖက်တိုက်ဖျက်ရေးကိစ္စရပ် မှာ လာမည့်စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပမည့် စကားစစ်ထိုးပွဲအတွက်အမေ ရိကန်သမ္မတလောင်းနှစ်ဦးကြား အပြိုင် အဆိုင်အနိုင်ကြဲရမည့် အကြောင်းအရာ ဖြစ်သည်။

(အင်န်အိတ်ခ်ျကေ)


Leave a Reply