ထိုင်းတွင် ဘုရားဖူး ရေယာဉ်နစ်မြုပ်၍ ဒါဇင်ကျော် သေဆုံး
ဘန်ကောက်၊ စက်တင်ဘာ ၁၉
ထိုင်းနိုင်ငံ အယုဒ္ဓရမြို့တွင် ပေါင်းကူး တံတားတစ်စင်းနှင့် တိုက်မိပြီး ရေယာဉ် တစ်စီးနစ်မြုပ်ရာ ကလေးငယ် တစ်ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။
ချာအိုဖာရာယာမြစ်အတွင်း အဆိုပါ နှစ်ထပ်သင်္ဘောက ဒေသစံတော်ချိန် ညနေ လေးနာရီ၌ တိုက်မိခြင်းဖြစ်သည်။ ရေယာဉ်တွင် မွတ်စလင်ဘုရားဖူးများ အများစုလိုက်ပါလာပြီး ခရီးသည် ၁၀၀ ကျော်ထက်မနည်း တင်ဆောင် လာခြင်းဖြစ်သည်။
ရေယာဉ်တိုက်မိရာမှာ ကမ္ဘာ့လှည့် ခရီးသည်များ လာရောက်မှုများရာ ဆာနမ်ချိုင်း ဘုရားကျောင်းနားတွင် ဖြစ်သည်။ ထိခိုက် ဒဏ်ရာရသူပေါင်း ၃၀ ကျော်ထက်မနည်းရှိပြီး ပျောက်ဆုံးနေသူ ဒါဇင်ချီကာ ရှိနေသည်။
အစ္စလာမ် ဘာသာရေးပွဲ တစ်ခုသို့ တက်ရောက်ပြီး အယုဒ္ဓရမှ ဘန်ကောက်မြို့စွန် နွန်သာဘူရီသို့ အပြန်ခရီးတွင် ယင်းမတော်တဆမှု ကြုံတွေ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။
ယာဉ်သွားလာရေး ဘေးကင်းလုံခြုံမှုတွင် နိုင်ငံတကာသတ်မှတ်ဆင့်အောက်မှာ ရှိသည့် ထိုင်းနိုင်ငံ၌ ကားမတော် တဆမှုများနှင့် လှေသင်္ဘောမတော်တဆမှုများ အဖြစ်များကြောင်း သတင်းထောက်များက ပြောသည်။
ချာအိုဖာရာယာမြစ် သည်လည်း အသွားအလာများသည့် ရေကြောင်းလမ်း တစ်ခုဖြစ်ပြီး တစ်ခါတစ်ရံ လူအပြည့် လှေများ ကမ်းကပ်ထားမှုများဖြင့် ရှုပ်ထွေးသည့် ရေလမ်းကြောင်းဖြစ်နေသည်။
(ဘီဘီစီ)