ဘာစီလိုနာတွင် မက်ဆီနှင့် နေမာတို့ မရဖူးသည့် စံချိန်ကို ဆွာရက်ဇ်ရရှိ

suarez-neymar-messi-barcelona-3292205

ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက်မှာ မက်ဆီ၊ နေမာ၊ အီတူးအပါအဝင် ဘယ်ကစားသမားမှ မရဖူးတဲ့ စံချိန် တစ်ခုကို တိုက်စစ်မှူး ဆွာရက်ဇ် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အလာဗက်စ်အသင်းကို ဘာစီလိုနာအသင်း ရှုံးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ ပထမဆုံး ပွဲတစ်ရာ အတွင်းမှာ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဂိုးပေါင်း ၈၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းသမိုင်း တစ်လျှောက်မှာ ပထမဆုံး ပွဲတစ်ရာအတွင်း ဂိုးအများဆုံး သွင်းနိုင်တဲ့ စံချိန်ပဲ ဖြစ်ပါတယ်။အီတူးက ဘာစီလိုနာ အသင်းနဲ့ ပထမပွဲတစ်ရာအတွင်းမှာ ၆၈ ဂိုးသွင်းနိုင်ခဲ့ပြီး နေမာက ၅၈ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

လက်ရှိဘာစီလိုနာ ကြယ်ပွင့် မက်ဆီတောင်မှ ပထမဆုံး ပွဲတစ်ရာအတွင်းမှာ ၄၁ ဂိုးသာ  သွင်းနိုင်ခဲ့တာပါ။  တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်းက ဘာစီလိုနာကို ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်ပါတယ်။

—Ref:Goal


Leave a Reply