တရားမဝင္လမ္းကူးဂိတ္တြင္ အမွတ္ (၇) အဆန္ DEMU ရထားႏွင့္ ေဘးတြဲဆိုင္ကယ္ ပြတ္တိုက္မႈျဖစ္ပြ

တရားမဝင္လမ္းကူးဂိတ္တြင္ အမွတ္ (၇) အဆန္ DEMU ရထားႏွင့္ ေဘးတြဲဆိုင္ကယ္ ပြတ္တိုက္မႈျဖစ္ပြား
===============================
ဩဂုတ္ ၂၁
ရန္ကုန္ - မႏၲေလးရထားလမ္းပိုင္း ေသာင္းတိုင္ကုန္းႏွင့္ ေတာင္ငူဘူတာအၾကား တရားမဝင္လမ္းကူး၌ အမွတ္ (၇) အဆန္ DEMU ရထားႏွင့္ ဆိုင္ကယ္ေဘးတြဲ ပြတ္တိုက္မႈ ျဖစ္ပြားေၾကာင္း သိရသည္။
ဩဂုတ္လ၂၀ရက္ေန႔ မြန္းလြဲ ၃ နာရီ ၅၅ မိနစ္အခ်ိန္ခန္႔က အမွတ္ (၇) အဆန္ ရန္ကုန္-ေနျပည္ေတာ္ DEMU လူစီးအျမန္ရထားသည္ ေသာင္းတိုင္ကုန္းႏွင့္ ေတာင္ငူဘူတာအၾကား မိုင္တိုင္အမွတ္ ၁၆၅/၁ ႏွင့္ ၂ ၾကားရွိ ေက်း႐ြာအစီအစဥ္ျဖင့္ ဂိတ္ေစာင့္ (ဖြင့္/ပိတ္) ျပဳလုပ္ေသာ တရားမဝင္ လမ္းကူးဂိတ္၌ ေဘးတြဲဆိုင္ကယ္ႏွင့္ ပြတ္တိုက္မႈျဖစ္ပြားၿပီး DEMU ရထားစက္ေခါင္း၏ ေရွ႕ညာဘက္မီးလုံးကြဲၿပီး ေဆးပြန္းပဲ့မႈျဖစ္ပြား၍ ခရီးသည္မ်ားႏွင့္ ဝန္ထမ္းမ်ား ထိခိုက္မႈမရွိေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ျဖစ္ပြားရျခင္းမွာ တရားမဝင္လမ္းကူးဂိတ္၏ အေရွ႕ဘက္မွ အေနာက္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေဘးတြဲဆိုင္ကယ္အမွတ္ BGO 3215 သည္ အရပ္သားဂိတ္ေစာင့္မွ ဝါးလုံးတန္းျဖင့္ ဂိတ္ပိတ္တားဆီးထားေသာ္လည္း အရွိန္မထိန္းႏိုင္ဘဲ ရထားလမ္းအား ျဖတ္ေက်ာ္ေမာင္းႏွင္မႈေၾကာင့္ ေသာင္းတိုင္ကုန္းဘူတာမွ ျဖတ္သန္းေမာင္းႏွင္လာေသာ အမွတ္ (၇) အဆန္ DEMU ရထားျဖင့္ ပြတ္တိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါဂိတ္သည္ ေက်း႐ြာအစီအစဥ္ျဖင့္ ဂိတ္ေစာင့္က (ပိတ္/ဖြင့္) ျပဳလုပ္ေသာ တရားမဝင္လမ္းကူးဂိတ္ျဖစ္ၿပီး ျမန္မာ့မီးရထားမွ ဂိတ္ေစာင့္တာဝန္ခ်ထားျခင္းမရွိေၾကာင္း၊ ယခုရထားႏွင့္ ေဘးတြဲဆိုင္ကယ္တိုက္မိမႈျဖစ္စဥ္ေၾကာင့္ ေဘးတြဲဆိုင္ကယ္ေမာင္းႏွင္သူ ဝင္းႏိုင္ဦး (ဘ) ဦးတင္လႈိင္၊ ေရပုတ္ကုန္း႐ြာေနသူအား ရထားပို႔ေဆာင္ေရးလုပ္ငန္းဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး သက္ဆိုင္ရာနယ္ေျမ ေတာင္ငူအမွတ္ (၁) ရဲစခန္းတြင္ အမႈဖြင့္ေဆာင္႐ြက္ထားၿပီး အဆိုပါျဖစ္စဥ္ေၾကာင့္ ရထားၾကန႔္ၾကာမႈ (၃၅) မိနစ္ ျဖစ္ေပၚခဲ့ကာ အျခားရထားမ်ား ၾကန႔္ၾကာမႈမရွိဘဲ ပုံမွန္အတိုင္း ေျပးဆြဲခဲ့ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
တရားမဝင်လမ်းကူးဂိတ်တွင် အမှတ် (၇) အဆန် DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ် ပွတ်တိုက်မှုဖြစ်ပွား
===============================
ဩဂုတ် ၂၁
ရန်ကုန် - မန္တလေးရထားလမ်းပိုင်း သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား တရားမဝင်လမ်းကူး၌ အမှတ် (၇) အဆန် DEMU ရထားနှင့် ဆိုင်ကယ်ဘေးတွဲ ပွတ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။
ဩဂုတ်လ၂၀ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်အချိန်ခန့်က အမှတ် (၇) အဆန် ရန်ကုန်-နေပြည်တော် DEMU လူစီးအမြန်ရထားသည် သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၂ ကြားရှိ ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့် (ဖွင့်/ပိတ်) ပြုလုပ်သော တရားမဝင် လမ်းကူးဂိတ်၌ ဘေးတွဲဆိုင်ကယ်နှင့် ပွတ်တိုက်မှုဖြစ်ပွားပြီး DEMU ရထားစက်ခေါင်း၏ ရှေ့ညာဘက်မီးလုံးကွဲပြီး ဆေးပွန်းပဲ့မှုဖြစ်ပွား၍ ခရီးသည်များနှင့် ဝန်ထမ်းများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရခြင်းမှာ တရားမဝင်လမ်းကူးဂိတ်၏ အရှေ့ဘက်မှ အနောက်ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်အမှတ် BGO 3215 သည် အရပ်သားဂိတ်စောင့်မှ ဝါးလုံးတန်းဖြင့် ဂိတ်ပိတ်တားဆီးထားသော်လည်း အရှိန်မထိန်းနိုင်ဘဲ ရထားလမ်းအား ဖြတ်ကျော်မောင်းနှင်မှုကြောင့် သောင်းတိုင်ကုန်းဘူတာမှ ဖြတ်သန်းမောင်းနှင်လာသော အမှတ် (၇) အဆန် DEMU ရထားဖြင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဂိတ်သည် ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်က (ပိတ်/ဖွင့်) ပြုလုပ်သော တရားမဝင်လမ်းကူးဂိတ်ဖြစ်ပြီး မြန်မာ့မီးရထားမှ ဂိတ်စောင့်တာဝန်ချထားခြင်းမရှိကြောင်း၊ ယခုရထားနှင့် ဘေးတွဲဆိုင်ကယ်တိုက်မိမှုဖြစ်စဉ်ကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ဝင်းနိုင်ဦး (ဘ) ဦးတင်လှိုင်၊ ရေပုတ်ကုန်းရွာနေသူအား ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေ တောင်ငူအမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားပြီး အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု (၃၅) မိနစ် ဖြစ်ပေါ်ခဲ့ကာ အခြားရထားများ ကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။




