ခ်န္ပီယံလိဂ္ ေနာက္ဆုံးဗိုလ္လုပြဲတြင္ ပီအက္စ္ဂ်ီအသင္းႏွင့္ အင္တာမီလန္အသင္းတို႔ ထိပ္တိုက္ေတြ႕
ေမ ၈ ရက္ နံနက္ပိုင္းက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအဆင့္ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းက ႏွစ္ဂိုး-တစ္ဂိုးျဖင့္ အႏိုင္ရၿပီးေနာက္ ႏွစ္ေက်ာ့ေပါင္း ရလဒ္သုံးဂိုး – တစ္ဂိုးျဖင့္ အႏိုင္ရရွိကာ ေနာက္ဆုံးဗိုလ္လုပြဲအဆင့္ကို တက္လွမ္း ခြင့္ရရွိခဲ့ပါတယ္။
ပီအက္စ္ဂ်ီအသင္းနဲ႔ အာဆင္နယ္ အသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအဆင့္ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ သြင္းဂိုး ေတြကို ေဖဘီယန္႐ုန္ကတစ္ဂိုး၊ ဟာကီမီကတစ္ဂိုး သြင္းယူ ေပးခဲ့ၿပီး အာဆင္နယ္အတြက္ တစ္ဂိုးကိုေတာ့ ဘူကာယို ဆာကာက သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ေနာက္ဆုံး ဗိုလ္လု ပြဲစဥ္မွာ အင္တာမီလန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ေနာက္ဆုံးဗိုလ္လုပြဲကို ေမ ၃၁ ရက္မွာ ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ ေနာက္ဆုံးဗိုလ္လုပြဲ ကို ၂ဝ၂ဝ ျပည့္ႏွစ္က ေနာက္ဆုံးတက္လွမ္းခဲ့တာျဖစ္ၿပီး
ဘိုင္ယန္ျမဴးနစ္အသင္းကိုရႈံးနိမ့္ခဲ့လို ခ်န္ပီယံလိဂ္ဖလား ရရွိမႈနဲ႔ ေဝးကြာခဲ့ရတာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ေနာက္ဆုံးဗိုလ္လုပြဲမွာ အင္တာ မီလန္အသင္းကို အႏိုင္ရရွိခဲ့ပါက အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားရရွိဖို႔ ရွိေနတာျဖစ္ပါ တယ္။
အာဆင္နယ္အသင္းကေတာ့ ပီအက္စ္ဂ်ီအသင္းကို ရႈးနိမ့္ခဲ့လို ခ်န္ပီယံလိဂ္ေနာက္ဆုံးဗိုလ္လုပြဲ တက္လွမ္းခြင့္နဲ႔ လြဲခဲ့ရေပမယ့္ ပရီမီယာလိဂ္မွာ အဆင့္ ၂ ေနရာမွာ ရပ္တည္ ေနတာျဖစ္လို လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိထား တာျဖစ္ပါတယ္။
ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအသင်းနှင့် အင်တာမီလန်အသင်းတို့ ထိပ်တိုက်တွေ့
==========================
မေ ၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအဆင့်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီးနောက် နှစ်ကျော့ပေါင်း ရလဒ်သုံးဂိုး – တစ်ဂိုးဖြင့် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို တက်လှမ်း ခွင့်ရရှိခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအဆင့်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုး တွေကို ဖေဘီယန်ရုန်ကတစ်ဂိုး၊ ဟာကီမီကတစ်ဂိုး သွင်းယူ ပေးခဲ့ပြီး အာဆင်နယ်အတွက် တစ်ဂိုးကိုတော့ ဘူကာယို ဆာကာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်နောက်ဆုံး ဗိုလ်လု ပွဲစဉ်မှာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို မေ ၃၁ ရက်မှာ ဂျာမနီနိုင်ငံ မြူးနစ်မြို့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲ ကို ၂ဝ၂ဝ ပြည့်နှစ်က နောက်ဆုံးတက်လှမ်းခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကိုရှုံးနိမ့်ခဲ့လို ချန်ပီယံလိဂ်ဖလား ရရှိမှုနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲမှာ အင်တာ မီလန်အသင်းကို အနိုင်ရရှိခဲ့ပါက အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားရရှိဖို့ ရှိနေတာဖြစ်ပါ တယ်။
အာဆင်နယ်အသင်းကတော့ ပီအက်စ်ဂျီအသင်းကို ရှုးနိမ့်ခဲ့လို ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းခွင့်နဲ့ လွဲခဲ့ရပေမယ့် ပရီမီယာလိဂ်မှာ အဆင့် ၂ နေရာမှာ ရပ်တည် နေတာဖြစ်လို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထား တာဖြစ်ပါတယ်။