ေအာင္ပန္းၿမိဳ႕တြင္ (၁၆)ႀကိမ္ေျမာက္ ေႏြရာသီလူငယ္ေဘာလုံးအေျခခံ သင္တန္းအား မတ္(၁၀)ရက္မွ မတ္(၃၀)ရက္အထိ ဖြင့္လွစ္သင္ၾကားေပးသြားမည္
ရွမ္းျပည္နယ္ ေတာင္ပိုင္း ၊ ေအာင္ပန္းၿမိဳ႕တြင္ (၁၆)ႀကိမ္ေျမာက္ ေႏြရာသီလူငယ္ေဘာလုံးအေျခခံ သင္တန္းအား ေအာင္ပန္းၿမိဳ႕ ေဘာလုံးသမားေဟာင္းမ်ားက ႀကီးမႉး၍ မတ္(၁၀)ရက္မွ မတ္(၃၀)ရက္အထိ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေဘာလုံးသင္တန္းအား ကေလာၿမိဳ႕နယ္ အားကစားႏွင့္ လူငယ္ေရးရာဌာန၊ ေအာင္ပန္းၿမိဳ႕ ဖြံ့ၿဖိဳးတိုးတက္ေရးအဖြဲ႕၏ လမ္းညႊန္ႀကီးၾကပ္မႈျဖင့္ ေအာင္ပန္းၿမိဳ႕ ေဘာလုံးသမားေဟာင္းမ်ားက ႀကီးမႉး၍ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္းတက္ေရာက္လိုေသာ လူငယ္အားကစားဝါသနာရွင္မ်ားအေနျဖင့္ ေအာင္ပန္းၿမိဳ႕ ေဘာလုံးအားကစားကြင္း၌ နံနက္ (၇)နာရီမွ (၉)နာရီ အထိ၊ ဦးသန္းေဇာ္ဟိန္း ၀၉၄၂၈၃၃၂၆၁၁၊ ဦးေက်ာ္မင္းမင္းနိုင္ ၀၉၉၆၆၇၃၄၇၄၉၊ ဦးေအးခ်မ္းၿငိမ္း ၀၉၉၆၃၉၀၀၄၉၅၊ ဦးေအာင္ဆန္းဦး ၀၉၄၂၈၃၉၆၂၈၉၊ ေဒၚတင္ဇာလြင္ ၀၉၇၅၇၁၇၃၄၄၉၊ ေဒၚတင္ေရႊ ၀၉၇၆၇၃၅၇၁၇၀ ေဖာ္ျပပါ ဖုန္းနံပါတ္မ်ားသို႔ ပါဝင္စာရင္းေပးသြင္းနိုင္ေၾကာင္း သိရသည္။
အောင်ပန်းမြို့တွင် (၁၆)ကြိမ်မြောက် နွေရာသီလူငယ်ဘောလုံးအခြေခံ သင်တန်းအား မတ်(၁၀)ရက်မှ မတ်(၃၀)ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်
================================
ရှမ်းပြည်နယ် တောင်ပိုင်း ၊ အောင်ပန်းမြို့တွင် (၁၆)ကြိမ်မြောက် နွေရာသီလူငယ်ဘောလုံးအခြေခံ သင်တန်းအား အောင်ပန်းမြို့ ဘောလုံးသမားဟောင်းများက ကြီးမှူး၍ မတ်(၁၀)ရက်မှ မတ်(၃၀)ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးသင်တန်းအား ကလောမြို့နယ် အားကစားနှင့် လူငယ်ရေးရာဌာန၊ အောင်ပန်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အောင်ပန်းမြို့ ဘောလုံးသမားဟောင်းများက ကြီးမှူး၍ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတက်ရောက်လိုသော လူငယ်အားကစားဝါသနာရှင်များအနေဖြင့် အောင်ပန်းမြို့ ဘောလုံးအားကစားကွင်း၌ နံနက် (၇)နာရီမှ (၉)နာရီ အထိ၊ ဦးသန်းဇော်ဟိန်း ၀၉၄၂၈၃၃၂၆၁၁၊ ဦးကျော်မင်းမင်းနိုင် ၀၉၉၆၆၇၃၄၇၄၉၊ ဦးအေးချမ်းငြိမ်း ၀၉၉၆၃၉၀၀၄၉၅၊ ဦးအောင်ဆန်းဦး ၀၉၄၂၈၃၉၆၂၈၉၊ ဒေါ်တင်ဇာလွင် ၀၉၇၅၇၁၇၃၄၄၉၊ ဒေါ်တင်ရွှေ ၀၉၇၆၇၃၅၇၁၇၀ ဖော်ပြပါ ဖုန်းနံပါတ်များသို့ ပါဝင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။