တ႐ုတ္ကုန္ပစၥည္းမ်ားအေပၚ သြင္းကုန္ခြန္ႏွစ္ဆတိုးျမႇင့္မည့္ ထရမ့္၏အမိန႔္စတင္အသက္ဝင္
တ႐ုတ္ကုန္ပစၥည္းမ်ားအေပၚ သြင္းကုန္ခြန္ႏွစ္ဆတိုးျမႇင့္ေကာက္ခံမည့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ၏ အမိန႔္ေၾကညာခ်က္သည္ မတ္လ ၄ ရက္မွစ၍ အသက္ဝင္လာခဲ့ေၾကာင္း သိရသည္။
တ႐ုတ္နိုင္ငံမွ တင္သြင္းလာ သည့္ ကုန္ပစၥည္းမ်ားအေပၚေကာက္ခံေနသည့္ သြင္းကုန္ခြန္ကို ႏွစ္ဆတိုးျမႇင့္လိုက္သည့္ ထရမ့္၏အမိန႔္ ေၾကညာ ခ်က္သည္ ယခုအခ်ိန္မွစ၍ အသက္ဝင္လာၿပီျဖစ္ေၾကာင္း အိမ္ျဖဴေတာ္မွတာဝန္ရွိသူတစ္ဦးက အတည္ျပဳ ေျပာၾကား ျခင္း ျဖစ္သည္။
တ႐ုတ္အစိုးရသည္ သဘာဝအတိုင္းမဟုတ္ဘဲ ဖန္တီးထားသည့္ အကိုက္အခဲ ေပ်ာက္ေဆးကဲ့သို႔ေသာ တရားမဝင္ေဆးဝါးမ်ား အေမရိကန္ျပည္ေထာင္စုအတြင္းသို႔ ဝင္ေရာက္ေနျခင္းႏွင့္ စပ္လ်ဥ္း၍ ထိေရာက္စြာ တုံ႔ျပန္ လုပ္ေဆာင္နိုင္ျခင္းမရွိဟု ထရမ့္ကစြပ္စြဲၿပီး တ႐ုတ္နိုင္ငံမွတင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားအေပၚ ေကာက္ခံ ေနသည့္ သြင္းကုန္ခြန္ကို ၁၀ ရာခိုင္ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္း အထိ တိုးျမႇင့္မည့္ အမိန႔္ေၾကညာခ်က္အား မတ္လ ၃ ရက္ တြင္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
တ႐ုတ္ကုန္ပစၥည္းမ်ားအေပၚ ယခုကဲ့သို႔ အခြန္တိုးျမႇင့္ေကာက္ခံျခင္းသည္ နိုင္ငံအတြင္းသို႔ တရားမဝင္ ေဆးဝါးမ်ားဝင္ေရာက္ေနျခင္းအား ေလၽွာ့ခ်နိုင္မည္ျဖစ္ေၾကာင္း ထရမ့္အစိုးရက ေျပာၾကားထားသည္။
သို႔ရာတြင္ အေမရိကန္အစိုးရသည္ အကိုက္အခဲေပ်ာက္ေဆးကိစၥရပ္အား အေၾကာင္းျပခ်က္တစ္ရပ္အျဖစ္အသုံးခ်၍ တ႐ုတ္ နိုင္ငံအေပၚ အခြန္တိုးျမႇင့္ေကာက္ခံမႈျဖင့္ ၿခိမ္းေျခာက္လ်က္ရွိေၾကာင္း၊ ထိုသို႔ေသာလုပ္ေဆာင္ခ်က္မ်ိဳးကို တ႐ုတ္ နိုင္ငံ က ဆန႔္က်င္ေၾကာင္းႏွင့္ တ႐ုတ္အစိုးရအေနျဖင့္ မိမိတို႔နိုင္ငံ၏တရားဝင္အက်ိဳးစီးပြားကို ကာကြယ္နိုင္ရန္ အတြက္ လိုအပ္သည့္အရာမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ ရွိသူ လင္းက်န္းက တုံ႔ျပန္ေျပာၾကားခဲ့ေၾကာင္း RT သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်မည့် ထရမ့်၏အမိန့်စတင်အသက်ဝင်
====================
Feb; 6
တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်ကောက်ခံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အမိန့်ကြေညာချက်သည် မတ်လ ၄ ရက်မှစ၍ အသက်ဝင်လာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ တင်သွင်းလာ သည့် ကုန်ပစ္စည်းများအပေါ်ကောက်ခံနေသည့် သွင်းကုန်ခွန်ကို နှစ်ဆတိုးမြှင့်လိုက်သည့် ထရမ့်၏အမိန့် ကြေညာ ချက်သည် ယခုအချိန်မှစ၍ အသက်ဝင်လာပြီဖြစ်ကြောင်း အိမ်ဖြူတော်မှတာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြား ခြင်း ဖြစ်သည်။
တရုတ်အစိုးရသည် သဘာဝအတိုင်းမဟုတ်ဘဲ ဖန်တီးထားသည့် အကိုက်အခဲ ပျောက်ဆေးကဲ့သို့သော တရားမဝင်ဆေးဝါးများ အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်နေခြင်းနှင့် စပ်လျဉ်း၍ ထိရောက်စွာ တုံ့ပြန် လုပ်ဆောင်နိုင်ခြင်းမရှိဟု ထရမ့်ကစွပ်စွဲပြီး တရုတ်နိုင်ငံမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ကောက်ခံ နေသည့် သွင်းကုန်ခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့်မည့် အမိန့်ကြေညာချက်အား မတ်လ ၃ ရက် တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်ကုန်ပစ္စည်းများအပေါ် ယခုကဲ့သို့ အခွန်တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံအတွင်းသို့ တရားမဝင် ဆေးဝါးများဝင်ရောက်နေခြင်းအား လျှော့ချနိုင်မည်ဖြစ်ကြောင်း ထရမ့်အစိုးရက ပြောကြားထားသည်။
သို့ရာတွင် အမေရိကန်အစိုးရသည် အကိုက်အခဲပျောက်ဆေးကိစ္စရပ်အား အကြောင်းပြချက်တစ်ရပ်အဖြစ်အသုံးချ၍ တရုတ် နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထိုသို့သောလုပ်ဆောင်ချက်မျိုးကို တရုတ် နိုင်ငံ က ဆန့်ကျင်ကြောင်းနှင့် တရုတ်အစိုးရအနေဖြင့် မိမိတို့နိုင်ငံ၏တရားဝင်အကျိုးစီးပွားကို ကာကွယ်နိုင်ရန် အတွက် လိုအပ်သည့်အရာများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ လင်းကျန်းက တုံ့ပြန်ပြောကြားခဲ့ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။