ကျောက်မဲခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ ( ဇူလိုင် ၄ ရက် ) နံနက် (၉) နာရီအချိန် ခရိုင်ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် ပြည်နယ်ပါတီ ကော်မတီဝင်များ တက်ရောက်သည်။

Read more

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် ပြောင်းလဲ မှုခရီးက မည်မျှကြီးမားသော အောင်မြင်မှုရရှိခဲ့သနည်း

အမေရိကန်သမ္မတအိုဘားမား၏စီမံ ခန့်ခွဲမှုအဖွဲ့သည် အမေရိကန်-မြန်မာ ဆက်ဆံရေးကို ပြဇာတ်ဆန်သော အပြောင်းအလဲများ ပြုလုပ်နိုင်ခဲ့သော်လည်း မူဝါဒ သစ်၏အကျိုးသက်ရောက်မှုများမှာ မည်သည့် အခြေအနေ ရှိသနည်းဆိုသည့် မေးခွန်းအတွက် အဖြေမှာရှင်းရှင်းလင်းလင်း မရှိသေးပါ။ ဟီလာရီကလင်တန်နှင့် အိုဘားမား တို့သည် ကွန်ဂရက်စ်အတွင်းရှိ သဘောထားတင်းမာသူများနှင့် လူ့အခွင့် အရေးအဖွဲ့အစည်းများကို မြန်မာနိုင်ငံနှင့် ပြန်လည်ပေါင်းစည်းမှုများပြုလုပ်ရန်အတွက် ထောက်ခံအားပေးမှုများပြုလုပ်ပေးရန် စွမ်းဆောင်နိုင်ခဲ့သည်။
ဆယ်စုနှစ်နှင့် ချီ၍ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ ခြင်းနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများတွင် အမေရိကန် ပါဝင်ပတ်သက်မှုမရှိခြင်းများမှာ မြန်မာ နိုင်ငံရှိ တပ်မတော်အစိုးရကို ဖြုတ်ချနိုင် ခြင်းမရှိသည့်အပြင် တရုတ်နိုင်ငံအပေါ် အလွန်အကျွံမှီခိုရသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိ သွားစေခဲ့သည်။ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကောင်းများ ပြန်လည်တည်ဆောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ ၏ဒီမိုကရေစီဖော်ဆောင်ရေးခရီးလမ်း အတွက် ကူညီလမ်းညွှန်မှုများစွာပြုလုပ်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ အိမ်ဖြူ တော်သည် သမ္မတအိုဘားမားအပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိများကို မြန်မာနိုင်ငံသို့ သွားရောက်စေခြင်း၊ ပိတ် ဆို့အရေးယူမှုအချို့ကို ဖယ်ရှားပေးခြင်း၊ USAID က မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေး အစီအစဉ်များ ပိုမိုဖော်ဆောင်ခြင်း၊ သံအမတ်အဆင့် သံတမန်ဆက်ဆံရေးပြန် လည်ထူထောင်ခြင်းများ ပြုလုပ်ခဲ့သည်။ အမေရိကန်သည် မြန်မာနိုင်ငံအပေါ် ပိတ် ဆို့အရေးယူမှုများချမှတ်သည့်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြစ်သည်။ အဆိုပါအကြောင်းအရာများအတွက် တံခါးမှူး အသွင်ဖြစ်လာခဲ့ပြီး အမေရိကန်၏မူဝါဒ များအပြောင်းအလဲနောက်ပိုင်းတွင် အခြား ဒီမိုကရေစီနိုင်ငံများဖြစ်သော သြစတြေးလျ၊ ဂျပန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂဝင်နိုင်ငံများသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းများ ပြန်လည်တည်ဆောက်လာ ခဲ့ကြသည်။
သို့သော် မူဝါဒသစ်များပြောင်းလဲ အကောင်အထည်ဖော်ခဲ့သော်လည်း အမေရိကန်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးနိုင် စွမ်းမှာ အကန့်အသတ်များ ဆက်ရှိနေဆဲ ဖြစ်ပြီး အနာဂတ်တွင်လည်း အဆိုပါ အခြေအနေမှာ အပြောင်းအလဲများဖြစ်ပေါ်ရန် မလွယ်ကူသောအနေအထားများ ရှိ နေသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခု အတွင်း အာဆီယံနိုင်ငံများထဲ၌ မြန်မာ နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကြောင့် ကမ္ဘာ့မီဒီယာ များထက်တွင် သတင်းအဖြစ် ပိုမိုဖော်ပြ ခံရသောနိုင်ငံဖြစ်ခဲ့သည်။ အာရှနိုင်ငံများ ထဲတွင် အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ် လာခဲ့သည့်အပြင် အမေရိကန်အတွက် မဟာဗျူဟာမြောက် လက်တွဲဖော် နိုင်ငံမျိုး လည်း မဟုတ်ခဲ့ပါ။ သို့သော် မြန်မာနိုင်ငံ တွင် အမေရိကန်၏ရေကြောင်း လွှမ်းမိုးမှု ဆိုင်ရာ
မဟာဗျူဟာအတွက် အဓိကကျသည့်အခြေအနေမျိုးတွင်မရှိသော်လည်း တရုတ်၊ အိန္ဒိယနှင့် ဒေသတွင်း အင်အား ကြီးနိုင်ငံများအတွက် တန်ဖိုးကြီးများသော ဆိပ်ကမ်းကောင်းများတည်ရှိနေသည်။
ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် မြန်မာနိုင်ငံကြားရှိ ကွာခြားချက်များထဲ တွင် အမေရိကန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သည့် နိုင်ငံမဟုတ်ခြင်းနှင့် မဟာမိတ်စာချုပ်များ ချုပ်ဆိုထားမှုမရှိသည့်အချက်၊အရှေ့တောင် အာရှနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ မြန်မာ့တပ်မတော်သည်ဆယ်စု နှစ်နှင့်ချီ၍ အမေရိကန်စစ်တပ်၏ အကူ အညီများကို မယူခဲ့သည့် တပ်မတော်ဖြစ် နေသောအချက်များမှာ သိသာထင်ရှား သည့်အချက်များဖြစ်သည်။ မြန်မာနိုင်ငံ နှင့် ပတ်သက်သောအရှိတရားတစ်ခုမှာ တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိပိုမို ကြီးမားသော လွှမ်းမိုး နိုင်စွမ်းပိုင်ဆိုင်ထား သည့် နိုင်ငံဖြစ်သည်ဆိုသောအချက်ဖြစ် သည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ အတွင်း၌ ပြုလုပ်ထားသောအမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ နည်းပါးနေဆဲ ဖြစ်သည်။ အမေရိကန်ကုမ္ပဏီများ၏ အမှုဆောင်အရာရှိချုပ်များသည် ၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံ သို့မကြာခဏလာ ရောက်ခဲ့သော်လည်း နိုင်ငံ၏စီးပွားရေးပတ်ဝန်းကျင်အခြေအနေ ကြောင့် ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ခြင်းမျိုးမရှိဟု တွေ့ရှိ ခဲ့ရသည်။ သို့သော် လူဦးရေ ၅၄ သန်း ရှိနေသောမြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ အသုံးချရခြင်းမရှိသေးသည့် ကျယ်ပြန့်သော စားသုံးသူဈေးကွက်တစ်ခုအဖြစ် အားသာချက် ပိုင်ဆိုင်နေခြင်းကိုမူ ရင်းနှီး မြှုပ်နှံသူတိုင်း တညီတညွတ်တည်းလက်ခံ ထားကြသည်။ Wall Street ဂျာနယ်က ပြုလုပ်ခဲ့သော လေ့လာမှုများ အရ ၂ဝ၁၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ဝင် ရောက်ခဲ့သည့် အမေရိကန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာနှစ်သန်းသာရှိသည်ဟု တွေ့ရှိ ခဲ့သည်။
မြန်မာနိုင်ငံ၏နိုင်ငံရေးကဏ္ဍအပြောင်း အလဲများမှာ ရည်မှန်းချက်သို့ရောက်ရှိရန်အတွက် ခရီးရှည် လျှောက်လှမ်းရဦးမည် ဖြစ်သည်။ အလားအလာကောင်းများပိုင် ဆိုင်နေသော မြန်မာနိုင်ငံသည် တပ်မတော် အစိုးရတာဝန်ယူခဲ့သည့်ကာလနှင့် နှိုင်း ယှဉ်လျှင် အရှိန်အဟုန်ပြင်းသော ဖွံ့ဖြိုးတိုးတက်မှုများ ပိုင်ဆိုင်နေသည်ဟု လက်ခံ ရမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်ခေါင်း ဆောင်သောအစိုးရသည် ၂ဝ၁၅ ခုနှစ် အတွင်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကျန်ရှိနေသော်လည်း အပစ်အခတ်ရပ်စဲ ရေးသဘောတူညီ ချက်ကြောင့်နိုင်ငံအတွင်းရှိ ဒေသအများစုတွင် လက်နက်ကိုင်ပဋိ ပက္ခများကို ရပ်တန့်နိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံမြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ ၍ တရုတ်နိုင်ငံနှင့် ထိစပ်နေသော နယ် စပ်ဒေသများသို့ ထွက်ပြေးခဲ့ရသည့်ဖြစ် စဉ်များလည်းပေါ်ထွက်ခဲ့ရသည်။

Read more

မော်ဒယ်အလှမယ် ပိုးစန္ဒာခင်အား ရေဝေး၌ မီးသင်္ဂြိုဟ်

မော်ဒယ်အလှမယ်တစ်ဦးဖြစ်သူ ပိုးစန္ဒာခင်သည် ယမန်နေ့နံနက် ပိုင်းတွင် Gym ကစားနေရင်း မော၍ အနားယူနေစဉ် ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့သည်။
မော်ဒယ်အလှမယ်ပိုးစန္ဒာခင် အနေဖြင့် Miss Myanmar World 2016 ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထား ကြောင်း၊ Miss Myanmar World 2016 ပွဲ၌ Top 5 အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း၊ ဝေဟင်နတ် သမီးဆု အပြင် ၂ဝ၁၄-၂ဝ၁၅ခုနှစ် မြန်မာ့ ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေး ပွဲတွင် အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ခဲ့သည်။
ရုတ်တရက်ကွယ်လွန်ခဲ့သည့် အပေါ် Miss Universe Myanmar 2015 အလှမယ် မေဘရန်ဏီ သော်က ”အခုထိမယုံနိုင်သေးဘူး။ သူငယ်ချင်းပိုးစန္ဒာခင် သတင်းရရ ချင်း ဘယ်လိုမှ မယုံနိုင်ခဲ့ဘူး။ တကယ်မဟုတ် ပါစေနဲ့လို့ ဆုတောင်းမိခဲ့တယ်”ဟု ပြောသည်။
မော်ဒယ်အလှမယ် ပိုးစန္ဒာခင် ၏ ကျန်ရစ်သောရုပ်အလောင်းကို ယနေ့နံနက် ၁၁နာရီတွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

Read more

ဒဂုံမြို့သစ် (မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ အခမဲ့ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစီအစဉ်ဖြင့် ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ဇူလိုင်လ (၆) ၇က်နေ့ နံနက် (၉) နာရီ အချိန်မှ ညနေ (၄) နာရီအထိ အမှတ် (၅၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ “ပြည်တော်အေးဓမ္မာရုံ”တွင် သားဖွားနှင့် မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါများ ကို အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးမည်ပြီး မည်သူမဆို လာရောက်ပြသ ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။

Read more

ပုသိမ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်ထောင်စုကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် (၃) ရက် နံနက် (၁၀) နာရီ အချိန်က ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်ကျော်နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်
မြို့နယ်ပါတီအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်

Read more

“အမ်း” မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် အရန်ပါတီကော်မတီ ၀င်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် အရံပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၆) ကို ဇူလိုင် (၁) ရက် နေ့လည် (၁၂) နာရီ (၃၀) မိနစ်အချိန်က နာရီ ကျင်းပပြုလုပ်ခဲ့ကြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးဘာသာသာသနာ အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေးရေးလုပ်ငန်းစဉ်များတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အင်တိုက် အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ ကြကြောင်း သိရသည်။

Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီလူငယ်များ ဓမ္မစကူးလ် ကျောင်းသား/သူ များအား အဟာရဒါနပြု

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ လှုပ်ရှားမှုအဖြစ် မိုးညှင်းလူငယ် ပါတီကေဒါ ခေါင်းဆောင် ဦးမောင်မောင်၊ ဦးပေါ်ထင်နှင့် လူငယ်အဖွဲ့ ဦးဆောင်၍ အင်းတော်ကြီးဒေသ ပါတီဝင်လူငယ်အဖွဲ့များသည် ဇူလိုင်လ (၃) ရက် နံနက် (၁၀) နာရီ ခွဲအချိန်က မိုင်းနောင်ကျေးရွာ ဓမ္မစကူးလ် ကျောင်းသား ကျောင်းသူများအား အဟာရဒါန သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

သပိတ်ကျင်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန်လ (၃၀) ရက်) နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းမျက်နှာစုံညီ အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင် ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်
များ၊ တက်ရောက်ခဲ့ကြသည်။

Read more

ဇလွန်မြို့နယ်တွင် ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ဇွန် ၂၅ရက် နံနက်ပိုင်းက မြို့နယ်ပါတီစုံညီအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ပါတီဗဟို ကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး ရွေးချယ်ကြီးကြပ်မှုအဖွဲ့ဝင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင် ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော် မတီဝင်ဦးလှခိုင်၊ ဦးကျော်ဝင်းနိုင် နှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါတီဝင်များ အင်အား ၁၅ဝကျော် တက်ရောက် ခဲ့သည်။

Read more

ဟင်္သာတတွင် ပါတီမျက်နှာစုံညီအစည်းအဝေး ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ မျက်နှာစုံညီအစည်း အဝေးနှင့် ပြန်လည်ပြင်ဆင်ရွေး ချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၉ နာရီခွဲ က ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

Read more