Year: 2026
ကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်တဲ့ တရုတ်နံနံ
အချိန် ၁၂ နာရီအတွင်းမှာ သိသိသာသာ လောင်ကျွမ်းသွားတာပါ။
စမ်းသပ်မှုတစ်ခုအရ သိလိုက်ရတာက တရုတ်နံနံကိုစားရင် ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်ဆိုတာပါပဲ။ ဝိတ်ကျလိုသူတွေက ပိုပြီးများများစားပေးရပါမယ်။ သူ့မှာ ရေဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ် ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။
တရုတ်နံနံရဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းပေးနိုင်စွမ်းကလည်း လျှင်မြန်ပါတယ်။ အချိန် ၁၂ နာရီအတွင်းမှာ သိသိသာသာ လောင်ကျွမ်းသွားတာပါ။
ပခုက္ကူခရိုင်ပါတီ မျက်နှာစုံညီ အကြိုတွေ့ဆုံပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအကြိုတွေ့ဆုံပွဲကို ယနေ့ (ဇူလိုင်လ ၅ ရက်) နံနက် (၁၀) နာရီအချိန်က ပခုက္ကူခရိုင်ပါတီရုံးခန်းမ၌ ကျင်းပရာ ခရိုင်ပါတီနာယက ဦးသိန်းထွန်းမှ ပါတီမျက်နှာစုံညီကျင်းပမည့်ပွဲအတွက် လုပ်ငန်းစဉ်များ ခြပြပြီး တက်ရောက်လာကြသည့် မြို့နယ်(၅)မြို့နယ်မှ ခရိုင်ပါတီ ကော်မတီဝင်များနင့် မြို့နယ်ပါတီ အတွင်းရေးမှူးများမှ မိမိမြို့နယ်အလိုက် ပါတီဆောင်ရွက်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကာ ခရိုင်မျက်နှာစုံညီ အကြိုအခမ်းအနားကို နံနက် (၁၁) နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
Read moreမိုးညှင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်းထွန်းနှင့် ကော်မတီဝင်များသည် ဇူလိုင်လ (၄) ရက် နေ့လည် (၁) နာရီအချိန်က ရွေးချယ်ရေး ညီလာခံကျင်းပရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Credit – Kachin Lion
မိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီကော်မတီ ပြင်ဆင်ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၄) ရက် နံနက် (၉) နာရီချိန်တွင် မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ခရိုင်တာဝန်ခံ ဦးစိုင်းလုံ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးရှာမွေလှရှဲန်၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးစောမူးလာနှင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်အောင်ကြည် နှင့် မြို့နယ်ပါတီကော်မတီဝင်များ စုံညီစွာ တက်ရောက် ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီသစ် (၁/၂၀၁၆) အစည်းအဝေး
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ဇူလိုင်လ (၄) ရက် နံနက်ပိုင်းက ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီ ကော်မတီများ၊ မြို့နယ်ပါတီအရန်ကော်မတီများ အစည်းအဝေး(၁/၂၀၁၆) ကို ကျင်းပ ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအရန်ကော်မတီဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က လိုအပ်သည်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသူများ တစ်ဦးချင်းစီအလိုက် မိတ်ဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။
Read moreအင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ပါကော်မတီ အသစ်များရွေးချယ်ပွဲကို အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ဇူလိုင်လ (၃) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ နာယက(ဗဟိုကော်မတီဝင်) ဦးခင်မောင်စိုး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။















