
ယူကရိန်းနိုင်ငံကို အဆင့်မြင့်ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးပို့သွားမှာဖြစ်ကြောင်း နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေက ယမန်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရုရှားတပ်တွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ယူကရိန်းမြို့တွေကို ဒုံးကျည်အစင်းပေါင်းရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ သလို ဒရုန်းလေယာဉ်တွေနဲ့လည်း တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်က လူ ၁၉ ဦးသေဆုံးပြီး ဓာတ်အားပေးစက်ရုံတွေ၊ ပြည်သူပိုင် အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။









