
စတော့ဟုမ်း ဇွန် ၁၃
၁၉၉ဝ ခုနှစ် စစ်အေးတိုက်ပွဲပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် နျူကလီးယားထိပ်ဖူး ၆ဝဝဝဝ ခန့်ရှိသည်ဟု စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျုက ပြောကြားသည်။

စတော့ဟုမ်း ဇွန် ၁၃
၁၉၉ဝ ခုနှစ် စစ်အေးတိုက်ပွဲပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းတွင် နျူကလီးယားထိပ်ဖူး ၆ဝဝဝဝ ခန့်ရှိသည်ဟု စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျုက ပြောကြားသည်။

ဗြိတိန်နိုင်ငံတွင် ဘုရင်မကြီး အဲလိဇဘက်-၂ ၏သက်တော် (၉ဝ) ပြည့်မွေးနေ့ပွဲအခမ်းအနားကို ယမန်နေ့က စီတန်းလှည့်လည်ခြင်း၊ ရောင်စုံစစ်ရေးပြအခမ်းအနား များဖြင့် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ကာ ဘုရင်မကြီးနှင့် တကွ တော်ဝင်မိသားစုများက ဘတ်ကင်ဟန်နန်းတော် လသာဆောင်မှ ရှုစားနှုတ်ဆက်ခဲ့ကြသည်။ (more…)

ဒါကာ၊ ဇွန် ၁၃
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော လူနည်းစုများနှင့် ဘာသာရေးဝေဖန်ဆန်းစစ်သူများအပေါ် ပစ်မှတ်ထားကာ သတ်ဖြတ်နေခြင်းများ အဆုံးသတ်ရေး အတွက် ဝန်ကြီးချုပ် ရှိတ်ဟာစီနီက သံန္ဒိဌာန် ချမှတ်ထားသည်။
သူမ၏ အစိုးရအနေဖြင့် ထိုသို့သော တိုက်ခိုက်မှုများ ရပ်တန့်သွားရအောင် မည်သို့ပဲလုပ်ဆောင်ရ လုပ်ဆောင်ရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟာစီနီက ပြောသည်။

ကုလအတွင်းရေးမှူးချုပ်အဖြစ် အမျိုးသမီးတဦးကို ရွေးချယ်နိုင်ဖွယ်ရှိ
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း တာဝန်က အနားယူရင် သူ့နေရာအတွက် အသစ်ခန့်အပ်မယ့် သူဟာ အမျိုးသမီးတယောက် ဖြစ်နိုင်ပြီး ဒီအထဲမှာ အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး Susana Malcorra ဖြစ်နိုင်ချေ ရှိတယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။

Dhaka ထောင် အပြင်ဘက်တွင် လုံခြုံရေးရဲမှားကိုတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဘာသာမတူတဲ့ လူနည်းစုတွေနဲ့ ဘာသာစွဲမထားတဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အစွန်းရောက် အကြမ်းဖက် လုပ်ဆောင်မှုတွေမှာ တာဝန်ရှိသူတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရှာဖွေရှင်းလင်း နေပြီး အခု ပထမ ၃ ရက်အတွင်းမှာပဲ ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယရှိသူ ၅ ထောင်ကျော်ကို ဖမ်းဆီးခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ် ရဲတွေက ပြောပါတယ်။

ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုးမြို့ ပစ်ခတ်မှု
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုးမြို့ က ည ကပွဲရုံတခုမှာ လူ ၅၀ သေဆုံးခဲ့ရတဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းက ပစ်ခတ်ခဲ့သူဟာ အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသား Omar Saddiqui Mateen ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်းင်း၏အာဏာကို ပိုမိုခိုင်မာစေရန်ရည်ရွယ်၍ မြောက်ကိုရီးယား ပါလီမန်လွှတ်တော် အစည်းအဝေးကို ယခုလကုန်တွင် ကျင်းပမည်ဟု KCNA သတင်းက ဇွန် (၉) ရက်တွင် ကြေညာခဲ့သည်။ (more…)
ပနားမားတူးမြောင်းအာဏာပိုင် အဖွဲ့သည် တူးမြောင်းအတွင်း ဖြတ် သန်းသွားလာသော သင်္ဘောများ၏ ရေစူးကန့်သတ်မှုကို ပြန်လည်ပယ် ဖျက်လိုက်ပြီဟု ဇွန် ၈ ရက်က သတင်း ထုတ်ပြန်ကြေညာလိုက်သည်။

လက်သင့်မခံနိုင်လောက်တဲ့ ဖိအားပေးတာခံ နေရတယ်လို့ ဆို
ယီမင်စစ်ပွဲမှာ ကလေးသူငယ်တွေ အများအပြား ထိခိုက်ခံရတဲ့အတွက် ကုလသမဂ္ဂ က နာမည်ပျက်စာရင်း သွင်းထားခဲ့တဲ့ ဆော်ဒီအာရေးဗီးယား ကို အဲဒီနာမည်ပျက် စာရင်း က နေ ထုတ်ပယ်ပေးဖို့ ဆော်ဒီ အစိုးရ ကနေ လက်သင့်မခံနိုင်လောက်တဲ့ ဖိအားပေးတာတွေ ခံနေရတယ် လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။

ခရီးသွား ပါလက်စတိုင်းမိသားစုကို အစ္စရေးလ်စစ်သားက တားဆီးမေးမြန်းစဉ်
အစ္စရေးလ်နိုင်ငံ Tel Aviv မြို့ ကာကွယ်ရေးဝန်ကြီးဌာနအနီးမှာ မနေ့က ဗုဒ္ဓဟူးနေ့တုန်းက ဈေးဝယ်သူတွေနဲ့ ညစာ စားနေသူတွေကို ပါလက်စတိုင်း သေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်အပြီးမှာတော့ ပါလက်စတိုင်းသား ၈၃,၀၀၀ ကို ရာမာဒန် ဥပုသ်လအတွင်း ခရီးသွားလာခွင့် အစ္စရေးက ပိတ်လိုက်ပါတယ်။ မနေ့က တိုက်ခိုက်မှုကြောင့် လူ ၄ ယောက်သေဆုံးပြီး ငါးယောက် ဒဏ်ရာရခဲ့တာပါ။