ဝယ်လင်တန် စက်တင်ဘာ ၂
နယူးဇီလန်နိုင်ငံ အရှေ့ဘက်ကမ်းခြေဒေသတွင် သောကြာနေ့နံနက် အာရုံမတိုင်မီ ပြင်းအား ၇.၁ မဂ္ဂနီကျုရှိ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားသည့်အတွက် အသေးစား ဆူနာမီရေလှိုင်း ဖြစ်ပေါ် ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် အပျက်အစီးစာရင်း မရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။












