

မော်စကို နိုဝင်ဘာ ၈
ရုရှားသည် ယခုနှစ်ကုန်အထိ စစ်လက်နက်နှင့် စစ်အသုံးအဆောင် ကိရိယာများ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံအထိ ရရှိခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအရ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော်ရရှိခဲ့ကြောင်း စစ်လက်နက်တင်ပို့ခြင်း တစ်ခုတည်းမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ ရရှိနိုင်မည်ဟု ရုရှားနိုင်ငံနှင့် ပြည်ပနိုင်ငံများ စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်း ပူးပေါင်း ဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးတွင် ပူတင်က ပြောခဲ့သည်။









