
လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးအဖြစ် လူသိများသော ဂျယ်ဘိုလ်ဆွန်နာရိုသည် လာမည့် ရွေးကောက်ပွဲတွင် သမ္မတ မစ်ချယ်လ် တမ်မာကို အဓိက စိန်ခေါ်နိုင်မည့်သူ တစ်ဦးအဖြစ်လည်း ထင်ကြေးပေး ခံနေရသည်။ ၎င်းက ဘရာဇီး ရဲများသည် ရာဇဝတ်သားများကို သတ်ဖြတ်မိသည့်အခါ တရားရေးအရ ရင်ဆိုင်ဖြေရှင်းနေရကြောင်း၊ ယင်းအစား အဆိုပါ ရဲဝန်ထမ်းကို ဆုတံဆိပ်ပင် ချီးမြှင့်ထိုက်ကြောင်း အင်တာဗျူး အစီအစဉ် တစ်ခုတွင် မှတ်ချက်ပေးသွားခဲ့သည်။









