
အိန္ဒိယအစိုးရသည် ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းတိုးတက်စေရန်အတွက် တရုတ်မှ တင်သွင်းသော အထည် အလိပ်ကုန်ပစ္စည်း ၃၂၈ မျိုးအပေါ် အခွန်နှစ်ဆကောက်ခံမည် ဖြစ်ကြောင်း သြဂုတ် ၇ ရက်တွင် ထုတ်ပြန် ထားသည်။ ၁၉၆၂ ခုနှစ် အကောက်ခွန်ဥပဒေပုဒ်မ ၁၅၉ အရ တရုတ်မှ အထည်အလိပ်သွင်းကုန် ၃၂၈ မျိုးကို လက်ရှိ ကောက်ခံနေသော အခွန် ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် အောက်လွှတ်တော်၌ သြဂုတ် ၇ ရက်တွင် ဆွေးနွေးသည်။









