
ပြင်သစ်နိုင်ငံအတွင်း သီတင်းပတ်ကြာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို လိုက်လျောတဲ့အနေနဲ့ ဝင်ငွေအနည်းဆုံး လုပ်သားတွေကို လုပ်ခတိုးမြှင့်ပေးပြီး ပင်စင်စားတွေကို အခွန်လျှော့ပေးမယ်လို့ သမ္မတမာခွန်းက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံတဝှမ်း အဆိုးရွားဆုံး မငြိမ်သက်မှုတွေ ဖြစ်ပေါ်ပြီးနောက် နိုင်ငံကို ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ မာခွန်းက တည်ငြိမ်ရိုကျိုးစွာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။









