(၁၄-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၈၂၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်း ရှိပါသည်။
Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် KOREAN AIR လေကြောင်းလိုင်းက ရန်ကုန်-အင်ချွန်းခရီးစဉ်ကို ပြန်လည်ပျံသန်းမည်
Commercial Flight များ ဆင်း သက်မှု ပြန်လည်စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် KOREAN AIR လေကြောင်းလိုင်းက ရန်ကုန်-အင်ချွန်းခရီးစဉ် အား ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
KOREAN AIR လေကြောင်းလိုင်းက ရန်ကုန်-အင်ချွန်းခရီးစဉ်အား လာမည့် ဇူလိုင် ၆ ရက်မှစတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ များတွင် တစ်ပတ်တစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်မည်
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို လာမည့် ဇွန် (၁၇) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထုတ်ပြန်ရာတွင် ဇွန်လ (၁၇) ရက် နံနက် (၄) နာရီတွင် မြန်မာနိုင်ငံ စာစစ်ဦးဌာန www.myanmarexam.org ဝက်ဆိုဒ် စတင်ကြေညာမည်ဖြစ်ပြီး နံနက်(၆) နာရီတွင် သက်ဆိုင်ရာ စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ထားခြင်း မရှိသော PDFသင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ မန္တလေးမြို့ နန်းတွင်းတွင်ပြုလုပ်
ပြစ်မှုကျူးလွန်ထားခြင်းမရှိသော PDFသင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲကို မန္တလေးမြို့ နန်းတွင်း၊ အနော်ရထာခန်းမတွင် ဇွန်လ ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားတွင်ပြစ်မှုကျူးလွန်ထားခြင်းမရှိသော PDFသင်တန်းဆင်းများနှင့် CDM၊ အကြမ်းဖက်များကို ထောက်ပံ့ပေးခဲ့သူများအပါအဝင် ၂၉ဦးကို တာဝန်ရှိသူများက မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ၂၉ ဦးတွင် မြင်းခြံမှ နှစ်ဦးပါဝင်ပြီး ကျန်သူများမှာ မန္တလေးမှဖြစ်ကြောင်းသိရသည်။
ရှေ့လုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်း
လားရှိုး ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ လားရှိုးခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ၊ စီမံတာဝန်ခံကော်မတီနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဥက္ကဋ္ဌဒေါက်တာမျိုးထွန်းမှ ရုံးဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
တောင်ကိုရီးယားကို လုပ်သား ၂၀၀၀ ကျော်စေလွှတ်ပြီးဟုဆို
တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ ၁၂ ကြိမ်မြောက်နဲ့ ၁၃ ကြိမ်မြောက် EPS စာမေးပွဲ အောင်မြင် ထားတဲ့ လုပ်သား ၄၀၀၀ ကျော်ထဲက ၂၀၀၀ ကျော် စေလွှတ်ထားပြီးဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)ကနေ သိရပါတယ်။
မီတာခတိုးမြှင့်ကောက်ခံမည်ဆိုသည့်သတင်း အမှားသာဖြစ်ဟု YESC ကြေညာ
လာမည့် (ဇူလိုင် ၁ ရက်)မှစတင်၍ မီတာခများတိုးမြှင့်ကောက်ခံမည်ဆိုသော ထွက်ပေါ်နေသည့်သတင်းမှာ အမှားသာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဇွန် ၁၄ ရက် မွန်းလွဲပိုင်းက အသိပေးထုတ်ပြန်ထားသည်။
လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် မီတာခများ တိုးမြှင့်ကောက်ခံမည်ဆိုသည့်ထုတ်ပြန်ချက် မှာ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သာဖြစ်ကြောင်း YESC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
လယ်ဝေးမြို့နယ်၌ ကွမ်းယာဆိုင်အနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုများဖြစ်
လယ်ဝေးမြို့နယ်၊ဗောဓိကုန်းကျေးရွာ၏ ဗောဓိကုန်းမီးပွိုင့်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ကွမ်းယာဆိုင်အနီး တွင် ဇွန် ၁၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်ခြမ်းတွင် ဗောဓိကုန်းကျေးရွာနေ မငုဝါ(၃၀)နှစ် ရောင်းချသည့် ကွမ်းယာဆိုင်အနီး၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၈) ဦး တွေ့ရှိ
(၁၃-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၄၁၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၂) ရာခိုင်နှုန်း ရှိပါသည်။
မိုးမိတ်မြို့နယ်၊ ခရိုင်ပြည်ခိုင်ဖြိုးပါဆီဥက္ကဋ္ဌမိသားစုမှ အလှူငွေ (၁၆)သိန်းကျပ်လှူဒါန်း
မိုးမိတ် ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၊ မြို့ဦးစေတီအနီးရှိ ဘိုးဘွားရိပ်သာတွင် ဆောက်လုပ်နေသော ဘိုးဘွား တစ်ဦးနေ အခန်းတစ်ခန်းအတွက် မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးမြင့်မိသားစုမှ အလှူငွေ (၁၆)သိန်းကျပ်တိတိအား ဘိုးဘွာရိပ်သာဦးဆောင်တည်ထောင်သူ ဆရာလေးထံ သွားရောက် လှူဒါန်းခဲ့ပါသည်။