
ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Ooredoo သည် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကို ရောင်းချရန် ဆွေးနွေးလျက်ရှိကြောင်း အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သိရှိထားသော သတင်းရင်းမြစ်နှစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဒိုဟာအခြေစိုက် Ooredoo ကုမ္ပဏီအနေဖြင့် လုပ်ငန်းရောင်းချမည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (Myanmar’s Posts and Telecommunications Department) ထံ အကြောင်းကြားထားသည်ဟု အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။










