
နိုဝင်ဘာ ၉
နိုဝင်ဘာလ(၁၂)ရက် လာမယ့်တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် နယူးယောက်မြို့ Madison Square Garden ၌ UFC-295 ပွဲစဉ်မှာ Joshua Van သည် သူ့ရဲ့ UFC ဒုတိယမြောက်ပွဲအဖြစ် ပီရူးနိုင်ငံသား Kevin Borjas နဲ့ယှဉ်ပြိုင်ထိုးသတ်သွားမှာလည်းဖြစ်ပါတယ်။

နိုဝင်ဘာ ၉
နိုဝင်ဘာလ(၁၂)ရက် လာမယ့်တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် နယူးယောက်မြို့ Madison Square Garden ၌ UFC-295 ပွဲစဉ်မှာ Joshua Van သည် သူ့ရဲ့ UFC ဒုတိယမြောက်ပွဲအဖြစ် ပီရူးနိုင်ငံသား Kevin Borjas နဲ့ယှဉ်ပြိုင်ထိုးသတ်သွားမှာလည်းဖြစ်ပါတယ်။

နိုဝင်ဘာ ၈
ချန်ပီယံလိဂ်အုပ်စုအဆင့် ပေါ်တို (၂-၀) အန့်ဝပ်ပွဲစဉ်တွင် ပေါ်တိုအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည့် ပေါ်တူဂီအသင်းရဲ့ ဝါရင့်နောက်ခံလူပီပီသည် အသက် (၄၀)နှစ်၊ (၂၅၄) ရက်ဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်မှတ်တမ်းသစ်တင်ရှိခဲ့ကြောင်း သိရပါတယ်။
ပီပီသည် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃)တွင်လည်း အသက်အကြီးဆုံးပွဲကစားသည့် outfield player (ဂိုးသမားမဟုတ်သည့်ကစားသမား) အဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သူဖြစ်ပါတယ်။

နိုဝင်ဘာ ၈
WTA အမျိုးသမီးတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပိုလန်နိုင်ငံသူ အီဂါ ဆွီယာတက်ခ်က အမေရိကန်နိုင်ငံသူ ဂျက်ဆီကာ ပက်ဂူလာကို ၆-၁၊ ၆-၀ ရလဒ်နဲ့ ၂ ပွဲဆက် အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံ ကန်ကွန်မြို့မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲအတွင်း ဆွီယာတက်ခ်က အောင်မြင်မှု ရရှိခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၁ နေရာကို အရီနာ ဆာဘယ်လန်ကာဆီက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၇
ယမန်နေ့က ပဲရစ်မာစတာချန်ပီယံဆုဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်က ဘူဂေးရီးယားတင်းနစ်သမား ဒီမီထရော့ဗ်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၅၁ မိနစ် အတွင်းမှာပဲ ၆:၄၊ ၆:၃ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၇
Tottenham (1-4) Chelsea (FT)
Kulusevski(6’) Palmer(35’P) Jackson(75’,90+4’,90+7’)
ယနေ့နံနက်အစောပိုင်းမှာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၁၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ပထမပိုင်းမှာစပါးအသင်းက ကူလူဆက်ဗ်စကီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ရိုမဲရိုးရဲ့အနီကတ်နဲ့အတူ ပင်နယ်တီခွင့်ပြုခဲ့ရပြီး ချဲလ်ဆီးအသင်းအတွက် ပါးလ်မားက အမှားအယွင်းမရှိ ပင်နယ်တီကနေတဆင့် ခြေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၆
အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဝက်ကင်ဟာ အောက်တိုဘာလအတွင်းက တစ်ပတ်လုပ်ခလစာပေါင် ၁၅၀၀၀၀ နဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီးနောက် အက်စ်တွန်ဗီလာအသင်းရဲ့ ဝင်ငွေ အမြင့်ဆုံးကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
တိုက်စစ်မှူး ဝက်ကင်ဟာ စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် အက်စ်တွန်ဗီလာအသင်းမှာ ၂၀၂၈ ခုနှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တိုက်စစ်မှူး ဝက်ကင်အား အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

နိုဝင်ဘာ ၆
အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ၀ (Dave Ledus) သည် ကမ္ဘောဒီးယား နိုင်ငံ၏လက်ရှိချန်ပီယံကို မြန်မာကိုယ်စားပြုပြီး ထိုးသတ်ခဲ့ရာ အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း ပူးတွဲသရေရလာဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

နိုဝင်ဘာ ၃
ရီးယဲလ်မက်ရစ်အသင်းသည် ဘရာဇီးလ် တိုက်စစ်ကစားသမား ရိုဒရီဂိုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
ရိုဒရီဂိုသည် အသက် ၁၈ နှစ်အရွယ်ကတည်းက ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှ ရီးယဲလ်မက်ရစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါသည်။ အသက် ၂၂ နှစ်ရှိ ရိုဒရီဂို၏ စာချုပ်သစ်တွင် စာချုပ်လျော်ကြေး ယူရိုတစ်ဘီလီယံ ပေးချေရမည့်အချက်ကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။


နိုဝင်ဘာ ၂
တိုက်စစ်မှူး ဗီနီးစီးယပ်စ်ဂျူနီယာကို ရီးရဲလ်မက်ဒရစ်အသင်းမှ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗီနီးစီးယပ်စ်ကို ၂၀၁၈ ခုနှစ်တုန်းက ဘရာဇီးနိုင်ငံ ဖလာမင်ဂိုအသင်းမှ ရီးရဲလ်သို့ ရောက်ရှိခဲ့ပြီး လာလီဂါရဲ့ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်က လီဗာပူးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

နိုဝင်ဘာ ၂
မန်ချက်စတာ (၂) သင်းကို အနိုင်ရရှိခဲ့တဲ့ နယူးကာဆယ်က ချယ်လ်ဆီးကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ဝက်စ်ဟမ်းက လီဗာပူးနဲ့ အဝေးကွင်း သွားကစားရမှာ ဖြစ်ပါတယ်။
ယင်းပွဲစဉ်များကို ဒီဇင်ဘာ ၁၉၊ ၂၀ ရက်များတွင် ယှဉ်ပြိုင်ကစားမှာလည်းဖြစ်ပါတယ်။
====================