
ဇန်နဝါရီ ၂၅
ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဖူလ်ဟမ်ကို သရေကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းက စတန်းဖို့ဘရစ်ခ်ျမှာ ဂိုးပြတ်အနိုင်ရပြီးတက်ရောက်လာနိုင်ခဲ့သလို လီဗာပူးလ်ဟာလည်း နှစ်ကျော့ပေါင်းရလဒ်အသာစီးဖြင့် တက်ရောက်လာနိုင်ခဲ့ပါတယ်။









