
ယနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့တွင် မန်စီးတီးနှင့်ပွဲတွင် ရီးရဲလ်အသင်း၏ တိုက်စစ်မှူး ဘန်ဇီးမားနှင့် ရော်နယ်ဒိုတို့၏ ကြံ့ခိုင်မှုမှာ ရီးရဲလ်အသင်းအတွက် အဓိက စိုးရိမ်စရာ ဖြစ်နေသည်။ ပေါ်တူဂီတိုက်စစ်မှူး ရော် နယ်ဒိုသည် တနင်္ဂနွေနေ့က လေ့ ကျင့်ခန်းဆင်းခဲ့ပြီး ရီးရဲလ်နှင့် အတူ အင်္ဂလန်သို့ လိုက်ပါမည် ဖြစ်ကြောင်း ရီးရဲလ်နည်းပြ ဇီဒန်း က ပြောကြားသည်။

