
လက်ဝှေ့ကြိုးဝိုင်းများထဲ တစ်ကျော့ပြန် ခြေချလာနိုင်ကြောင်း မန်နီ ပက်ကွီအိုက အရိပ်အမြွက် မတင်မကျ ပြောကြားလိုက်သည်။
ဖိလစ်ပိုင် နိုင်ငံသား ကမ္ဘာ့ချန်ပီယံဟောင်းသည် ယခုအခါ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူပြီး ဖိလစ်ပိုင် နိုင်ငံရေး နယ်ပယ်ထဲတွင် နေရာတစ်ခု အခိုင်အမာ ရယူထားပြီ ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် တစ်နေရာအတွက် ရွေးချယ်ခံခဲ့ရသည်။












