လာမည့် ၂၀၁၇-၂၀၁၈ ရာသီ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ အမျိုးသမီးဒိုင်လူကြီးတစ်ဦး ပထမဆုံးအကြိမ် တာဝန် ယူ ကိုင်တွယ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၁၇-၂၀၁၈ ရာသီ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ အမျိုးသမီးဒိုင်လူကြီးတစ်ဦး ပထမဆုံးအကြိမ် တာဝန် ယူ ကိုင်တွယ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်အား နည်းဗျူဟာပေါက်ကြားမှု ဖြစ်ပေါ်မည်ကို စိုးရိမ်ခြင်းကြောင့် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင်သာ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဟားလ်စီးတီးနဲ့ ရာသီပိတ်ပွဲမှာပါ ဟက်ထရစ် ထပ်ရခဲ့တာကြောင့် ၂၀၁၆-၁၇ ရာသီ ရဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး၊ ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိ သွားခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့၊ တိုကျိုတာဝါ မီဒီယာစင်တာမှာ မေလ ၂၁ ရက်က ကျင်းပတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲမှာ စောဂေါ်မူဒိုက မွေထိုင်းလက်ဝှေ့သမား ဝီရာဝတ် ဆစ်တ်န်ပါးကို ပထမအချီမှာပဲ အလဲထိုး အနိုင်ရရှိခဲ့ပါတယ်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲဖြစ်သည့် World Lethwei Championship (WLC 2)ပြိုင်ပွဲကို ဇွန် ၁ဝ ရက် ညနေ ၆နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံ လေလုံ အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း WLC (World Lethwei Championship) ဖေ့ဘုတ်တွင် သတင်းထုတ်ပြန်သည်။

ချဲလ်ဆီး ကွင်းလယ်လူ ကန်တီဟာ အားကစားကလောင်ရှင်များ အဖွဲ့ချုပ် FWA မှ ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကြာသပတေးနေ့က ရရှိခဲ့ကြောင်း သိရပါတယ်။

အင်္ဂလန်ပရီမီယာလိဂ်ပြိုင်ပွဲမှ ချမှတ်ထားသည့် စည်းမျဉ်းအရ ယခုနှစ်ပရီမီယာလိဂ်ပြိုင်ပွဲတွင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည့် ချယ်လ်ဆီးအသင်းမှ ကစားသမားအားလုံး ပရီမီယာလိဂ် ဆုတံဆိပ် ရရှိနိုင်မည် မဟုတ် ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

မန်ယူအသင်း၏ ရာသီအလိုက် အကောင်းဆုံးဘောလုံးသမား ဆုပေးပွဲကို ကြာသပတေးနေ့ညက ကျင်းပ ပြုလုပ်ခဲ့ရာ ကွင်းလယ်ကစားသမား ဟာရဲရားက အသင်းမှ ရွေးချယ်သော အကောင်းဆုံး ကစားသမားဆုနှင့် တောင်ပံကစားသမား ဗလင်စီယာက အသင်းဖော်အချင်းချင်းရွေးချယ်သော အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းသည် လာဇီယိုအသင်းကို ကိုပါအီတာလီယာဗိုလ်လုပွဲတွင် (၂-၀) ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ကိုပါ အီတာလီယာဖလားအား (၃)ရာသီဆက်ရယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။