
အာဆင်နယ်အသင်းက ၀က်ဖို့ဒ်ကို ၃-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဂိုးသမားကြီးပီတာချက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။
ပီတာချက်ဟာ ဒီမှတ်တမ်းရဖို့အတွက် ပရီးမီးယားလိဂ် ၁၀ ပွဲတောင်စောင့်ဆိုင်းခဲ့ရပေမယ့် ၁၁ ပွဲမြောက်မှာတော့ ကံကောင်းသွားပါတယ်။ သူဟာဒီပွဲမှာ ၀က်ဖို့ဒ်တိုက်စစ်မှူး ဒီနေးရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပြီးမှ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည်ခဲ့လို့ ပိုပြီးတောင်ဂုဏ်ယူရမယ်လို့ နည်းပြ၀င်းဂါးက ချီးကျူးသွားပါတယ်။








