
လီဗာပူးဂိုးသမား ကားရီးယပ်စ်ဟာ ဘီဆစ်တပ်အသင်းကို ၂ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မမှားသင့်တဲ့ အမှားတွေကတဆင့် ဂိုးတွေပေးခဲ့ရပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကားရီးယပ်စ်ဟာ အသင်းကနေ ပြောင်းရွှေ့ဖို့ အစောပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။









