
စာရင်းအင်းနဲ့ အချက်အလက် ကုမ္ပဏီတခုဖြစ်တဲ့ Deloitte က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအများဆုံးအသင်း စာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ပြီး နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် အဆင့်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့မှုနဲ့အတူ စပွန်ဆာ စာချုပ်တွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက စုစုပေါင်းဝင်ငွေ ပေါင် ၆၆၅ သန်းနဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။









