
သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်တွင် ချန်ပီယံခြောက်ကြိမ်ဖြစ်ဖူးသူ ဂျိုကိုဗစ်သည် ဆီမီးဖိုင်နယ်သို့ ပထမဆုံး တက်ရောက်လာသူ လူးကပ်စ်ပေါ်အီလီနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ ကမ္ဘာ့အဆင့် (၂) တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်က ဂရိလူငယ်ကြယ်ပွင့် တီဆစ်စီ ပက်စ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆားဘီးယားတင်းနစ် အကျော်အမော် ဂျိုကိုဗစ် (၃၁) နှစ်သည် ဂျပန်မှ နီရှိကိုရီကို ၆-၁၊ ၄-၁ ဖြင့် ဦးဆောင်ထားစဉ် နီရှီကိုရီ ဒဏ်ရာကြောင့် အနားယူခဲ့ရမှုနှင့်အတူ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။









