
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့၏ ပံ့ပိုးကူညီမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သော အခြေခံ စက်ချုပ် သင်တန်း အမှတ်စဉ် (၂) ကို မေလ (၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်က ဟင်္သာတမြို့ ညောင်ပင် ရပ်ရှိ ရွှေနေခြည်ညို သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။








