ဘိုကလေးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ကျေးရွာပါတီ ကော်မတီဝင်များလပတ်အစည်း အဝေးနှင့် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ခဲ့သည်။
ဘိုကလေးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ကျေးရွာပါတီ ကော်မတီဝင်များလပတ်အစည်း အဝေးနှင့် ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးဇော်ဝင်းအောင်၊ စမ်းချောင်းနှင့် ကြည့် မြင်တိုင်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်တာဝန်ခံများနှင့်အတူ ကရင်အမျိုးသား ရပ်ကွက်၊ မီးရထားရိပ်သာနှင့် ရပ်ကွက်အတွင်းမှ မဲဆန္ဒရှင်ပြည်သူများအား ကွင်းဆင်း စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိန်ဝင်း(YGN)
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယခုလ ၆ ရက် နံနက် ၁ဝ နာရီခွဲက အမှတ်(၃)ရပ်ကွက်ရှိ ‘မိုဃ်းကောင်းကျောင်းတိုက်’ဆရာတော် ဥူးÓဏအမှူးပြုသော သံဃာတော်အရှင်သူမြတ်အပေါင်းတို့နှင့် အခမဲ့ပညာဒါန သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ ၈ဝ တို့အား အာဟာရဒါနပြုလုပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့်မြို့နယ်ကော်မတီဝင်များအသီးသီး စုံလင်စွာတက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသစ္စာ(ဇီးကုန်း)
ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့ နယ်တို့မှ အမျိုးသားရေးဆောင် ရွက်နေကြသော မျိုးချစ်လူငယ်များ နှင့်မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ကမြန်အောင် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် လက်ရှိဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ မီဒီယာများ၏ ဘက်လိုက်မှု၊အမျိုး သားရေးသမားများနှင့်ပြည်ခိုင်ဖြိုး ပါတီတို့၏ အမျိုးသားရေးလှုပ်ရှား ဆောင်ရွက်မှုများကိုအကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
Online media တွင် နေ့စဉ် ဖြစ်ပေါ်နေသော အမျိုးသားရေး အကြောင်းအရာများနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေး ကြပြီး ပြည်သူတို့၏အကျိုးစီးပွား အတွက် လက်တွဲဆောင်ရွက်သင့် သည့်ကိစ္စရပ်များကို လက်တွဲ ဆောင်ရွက်သွားကြရန် ဆွေးနွေးပွဲ မှ သဘောတူညီခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၆) ရက် မွန်းလွဲ ၂ နာရီတွင် ကယား ပြည်နယ် ဖရူဆိုမြို့ရှိ မြို့နယ်ဓမ္မာရုံ၌ ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှင့် လူထုတွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်၍ ဒေသခံ တိုင်းရင်းသားပြည်သူများအား တွေ့ဆုံခဲ့သည်။

* ယနေ့ မြန်မာနိုင်ငံစီးပွားရေးအခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုအခြေအနေမှာ အကောင်းဘက်သို့ ရှေးရှုသောအခြေ အနေမဟုတ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ အရည်အချင်းပေါ်တွင်မူတည်။
* လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုအပေါ် တာဝန်ယူ တာဝန်ခံမှုမရှိဘဲ သူတစ်ပါးကို အပြစ်ဖို့ တာဝန်လွှဲချခြင်းသည် တာဝန် ကြီးကြီးမားမား ထမ်းဆောင်ရသူတို့ ပြုမူသင့်သော အပြုအမူမဟုတ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစည်း ရုံးဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးမှ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံ သတင်းမီဒီယာသင်တန်းဖွင့်ပွဲကို မတ်လ (၆) ရက် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။



တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ရပ်ကျေးပုံမှန်မျက်နှာ စုံညီအစည်းအဝေးကို မတ်လ( ၇ )ရက် (၁၃ဝဝ) အချိန် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးကိုမြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများနှင့်အမာခံပါတီဝင်များ တက်ရောက်ကြပြီး မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။