ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉နာရီတွင် ရပ်ကွက်၊ကျေးရွာပါတီ ခေါင်းဆောင်များ၊မဲရုံကိုယ်စားလှယ် များနှင့် တွေ့ဆုံစည်းဝေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉နာရီတွင် ရပ်ကွက်၊ကျေးရွာပါတီ ခေါင်းဆောင်များ၊မဲရုံကိုယ်စားလှယ် များနှင့် တွေ့ဆုံစည်းဝေးခဲ့သည်။
ပြည်ခရိုင် ပေါက်ခေါင်းမြို့ အသောကာရုံကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သော ”အသောကစေတီနှင့် ရွှေကြီးမြင်စေတီ တော်မြတ်”နှစ်ဆူ၏ ဗုဒ္ဓပူဇနိယပွဲ၊ ရွှေသင်္ကန်း ကပ်လှူပွဲနှင့် ဆွမ်းတော်ကြီး ကပ်လှူပွဲကို မတ်လ (၂၀) ရက် နံနက် ၉ နာရီတွင် ပေါက်ခေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝတ်အသင်းသူများက ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြပြီး အလှူတော်ငွေများ ထည့်ဝင်လှူဒါန်း ပူဇော်ခဲ့ကြသည်။
သူရအောင်(ပြည်)
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီကော်မတီဝင် ဦးမိုးဝင်းကျော်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/စည်းအမှုဆောင်များသည် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းဦးခင်မောင်အေးနှင့်အတူ မဲဆန္ဒရှင်ပြည်သူများထံ တစ်အိမ်တက်ဆင်းလိုက်လံတွေ့ဆုံ၍ လက်ကမ်းစာစောင်များ ဝေငှခဲ့ကြကြောင်း သိရသည်။
ဗိုလ်စော(ကမာရွတ်)
ရွေးကောက်ပွဲ အောင်နိုင်ရေးတွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဦးစောမော်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဦးညီညီမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး(ငြိမ်း)ဦးရဲမြင့်ထွန်းနှင့်အတူ တောင်ငူခရိုင် ခြောက်မြို့နယ် မှ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူး များအား ယမန်နေ့ မွန်းလွဲ ၂နာရီတွင် ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်တွေ့ဆုံ၍ လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြို့နယ်များမှ တက်ရောက် လာသည့်ပါတီတာဝန်ရှိသူများအားပူးပေါင်း ကူညီဆောင်ရွက် ပေးကြရန် ဆွေးနွေးညှိနှိုင်း၍ အဆိုပါအစည်းအဝေးကို မွန်းလွဲ ၃ နာရီတွင် ကျင်းပပြီးစီးကြောင်း သိရသည်။
(19.3.2017) ရက်နေ့ မော်လမြိုင်ကျွန်းမြို့ ပြည်ခိုင်ဖြိုးပါတီကွင်းဆင်းအဖွဲ့ အမှတ် (၁) ခရိုင်ပါတီ ကော်မတီဦးချစ်သိန်း မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ဇော်လှိုင် အမှတ် (၁) နယ်မြေတာဝန်ခံ ဒေါ်သဲနုဝါ အမှတ် (၂ ) နယ်မြေတာဝန်ခံ ဦးအောင်ကျော်ဦးအဖွဲ့သည် အောက် မအူတုံးကျေးရွာနှင့် အထက် မအူတုံးကျေးရွာတို့တွင် ရပ်မိရပ်ဖများ ပါတီခေါင်းဆောင်များ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
(19.3.2017) နေ့ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၆)မဲဆန္ဒနယ်မြေ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးနှင့်အတူ လမ်းမတော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့ နယ် ကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များ၊ ကျောက်တံတားမြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့ နယ်ကော်မတီဝင်တို့ စုပေါင်း ကာ လမ်းမတော်မြို့ နယ် အမှတ် (၅) ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင် မိဘပြည်သူများအား ကိုယ်စားလှယ်လောင်းနှင့်မိတ်ဆက်ခြင်း ပန်းဖလက် ပေးဝေခြင်းနှင့် စတေကာကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့်အဖွဲ့သည် အမ်းမြို့နယ် လုံးကောက်ကျေးရွာအုပ်စု လောင်းလုံးကျေးရွာ လယ်ကွင်းပြင် တွင် ယခုလ ၁၆ ရက် မွန်းလွဲ ၂ နာရီက လောင်းလုံးကျေးရွာအတွင်းရှိ မဲဆန္ဒရှင် ပြည်သူလူထုနှင့် တွေ့ဆုံခဲ့သည်။