၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲ၌ ကျိုင်းတုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ် တို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။

၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲ၌ ကျိုင်းတုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ် တို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် မတ် ၃ဝရက် နံနက် ၁ဝ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံ ခဲ့သည်။

လူငယ်မျိုးဆက်သစ်များ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်ပြီးအနာဂတ် ကာလနိုင်ငံတော်တည်ထောင်ရေး နှင့်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ တွင် ကျန်းမာသန်စွမ်း၍ စွမ်းစွမ်း တမံပါဝင်နိုင်ရန်ရည်ရွယ်၍ ဘို ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သည် နွေရာသီမြန်မာ့ရိုးရာသိုင်း ပညာ သင်တန်းဖွင့်ပွဲကို မတ် ၃၁ ရက် ညနေ ၆နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်း၌ ပြုလုပ် ခဲ့သည်။

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးရှိသည့်အနက် လာရောက်ဆန္ဒမဲပေးသူ ၄၈၅၃၅ ဦးရှိခဲ့သည်။ ယင်းဆန္ဒမဲပေးသူများအနက်မှ မဲအရေအတွက် ၁၉၆၆၇ မဲဖြင့် အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဦးအောင်ကြည်သိန်းအား ပြည်ထောင်စု နေ့စဉ်သတင်းစာမှ ဆက်သွယ်မေးမြန်းခဲ့မှုများကို ဖော်ပြအပ်ပါသည်။

ခေတ်သစ်ပြည်သူ့ပါတီ၏(၇)နှစ် မြောက်နှစ်ပတ်လည်နေ့အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့Lion City Hall မင်္ဂလာခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး နှင့်ရန်ကုန်တိုင်းဒေသကြီး အတွင်း ရေးမှူး ဦးသာဝင်းတို့ တက်ရောက် ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီသည် ‘ဒီမိုကရေစီ’ဟု ပါတီနာမည်ထဲ ထည့်သွင်းမှည့်ခေါ် ထားခြင်း မရှိသော်ငြားလည်း ဒီမိုကရေစီကို ဦးထိပ်ထားမြဲဖြစ်သည်။

* မြန်မာနိုင်ငံရဲ့ ဒီအရေးကိစ္စတွေကို ဝင်ပြီးတော့ ခြေရှုပ်ဖို့ အကြံဥာဏ်တွေပေးဖို့ ဆုံးဖြတ်ချက်တွေ ချဖို့ ဦးတည်နေပါတယ်။ နိုင်ငံနဲ့ ပတ်သက်လာရင် Sorry ဆိုတာမရှိပါဘူး။ တစ်ချက်ကလေး သဘောကောင်း လိုက်တာနဲ့ နောက်ကွယ်မှာ ပေးဆပ်ရမယ့်ကိစ္စတွေ၊ ခေါင်းညိတ်ရမယ့်ကိစ္စ တွေ၊ သဘောတူရမယ့် ကိစ္စတွေ၊ ငြင်းရခက်တဲ့ကိစ္စတွေပါလာလိမ့်မယ်။ ဒါကိုမြင်တဲ့အတွက် ကျွန်တော်တို့ ပြတ်ပြတ်သားသား တစ်ပါတီတည်းက ကန့်ကွက်တယ်။ ပါတီပေါင်းများစွာက ကန့်ကွက်တယ်။ တစ်ပြိုင်နက်တည်းမှာ အမျိုးကိုချစ်တဲ့ အမျိုးသားရေးတန်ဖိုးထားတဲ့ အင်အားစု တွေလည်းပဲ ပူးပေါင်း ပါဝင်လာတယ်။
မွန်ပြည်နယ် ၊သထုံမြို့ မူလမင်းကွန်းဇေတဝန်ပဋိပတ္တိကမ္မဌာန်းတိုက်နှင့်လယ်ဝန်ပရိယတ္တိစာသင်တိုက် တို့၏ ဦးစီးပဓာန နာယက လဇ္ဇီပေသလ၊ သိက္ခာ ကာမ၊ ဝိနယဂရုက၊ သံသာရဘီရုက၊နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိ တ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ သိရီပဝရဓမ္မာစရိယ၊ ပိဋကတ္တယပါရဂူ၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု_ဥက္ကဌ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၏ အန္တိမ အဂ္ဂိ ဈာပနပူဇာကျင်းပရေးအတွက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ အလှူတော်ငွေ ၃_ သိန်း ၊သထုံပြည်ခိုင်ဖြိုးပါတီမှ အလှူတော်ငွေ ၁_သိန်း လှူဒါန်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။
ယခင်ရွေးကောက်ပွဲနဲ့ အရင်အစိုးရသက်တမ်းမှာ လားဟူလူမျိုးစုများအတွက်ကို လူမှုရေး၊ စီးပွားရေး၊ လူနေမှု ဘဝမြှင့်တင်ရေးကို အဓိကဆောင်ရွက်ခဲ့ပါတယ်။ ယခုနှစ်ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ်(၂) ရှမ်း၊ လားဟူ၊ အာခါ၊ လွယ်လ၊ ဝ၊ ပလောင်၊ အဲန်၊ ကချင်စတဲ့ လူမျိုးပေါင်းစုံ နေထိုင်လျက်ရှိကြတဲ့အတွက် တောင်ပေါ်တိုင်းရင်းသားအများစု လိုအပ်နေတဲ့ ပညာရေး၊ သောက်သုံးရေ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး စတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များကို လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။