မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ
ယနေ့ဧပြီ၁၀ရက်နေ့ ကချင်ပြည်နယ် မိုးညှင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသောနိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းကို ယနေ့နံနက်9:00နာရီအချိန်တွင်ခရိုင်ပါတီတိုးချဲ့ခန်းမ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီဗဟိုပါတီကော်မတီဝင် ကချင်ပြည်နယ် ကော်မတီဝင် ဦးစိုးဝင်း ခရိုင်ဥက္ကဋ္ဌဦးစိန်ဝင်းထွန်း ခရိုင်ကော်မတီဝင်များ မိုးညှင်းမြို့နယ် မိုးကောင်းမြို့နယ် ဖားကန့်မြို့နယ်မှဥက္ကဋ္ဌနှင့် ကော်မတီဝင်များတက်ရောက်ကြောင်းသတင်းရရှိသည်။
ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းဖြတ်မြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလစဉ်ပုံမှန်လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပခြင်းနှင့်ရပ်ကွက်/ ကျေးရွာပါတီဝင်များမှကောက်ခံရရှိသောပါတီဝင်နှစ်စဉ်ကြေးများအား ပေးအပ်ခြင်းအခမ်းအနားကျင်းပရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလင်းဇော်ထွန်း(ဗဟိုကော်မတီဝင်)၊ပြည်နယ်အရန်ကော်မတီဝင်ဦးစိုင်းကျောက်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို(ပြည်နယ်အရန်က်ာမတီဝင်)၊မိုင်းဖြတ်ခရိုင်ဥက္ကဋ္ဌဦးညွှန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊မြို့နယ်ဥက္ကဋ္ဌဦးစိုင်းရီတစ်နှင့်မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်/ကျေးရွာပါတီခေါင်းဆောင်များနှင့်(၁၀.၄.၂၀၁၇)ရက်နေ့တွင်
မိုင်းဖြတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ ကြ ကြောင်းသိရှိရပါသည် ။
သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးပါတီ မျိုးဆက်သစ်လူငယ်အင်အားရရှိရန် ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်းမြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဒေါ်မြင့်မြင့်ဌေးနှင့် ဒေါ်သင်း သင်းရီတို့သည် ယခုလ ၈ရက် ညနေ ၄ နာရီတွင် မိကျောင်းကန်အပိုင်း(၁)နှင့် ၁၆/၂ ရပ်ကွက်များသို့ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီ၏ အမာခံမျိုးဆက်သစ် ကေဒါများအင်အားတိုးရရှိစေရန် ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Union daily
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံနှင့် ကချင်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံ
မန္တလေးမဟာသင်္ကြန်တွင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဖြိုးမန္တလာရေကစားမဏ္ဍပ်ဖြင့် ပါဝင်ဧည့်ခံမည်
မြန်မာနိုင်ငံသားများအတွက် ဦးသန်းဌေး၏နှစ်သစ်ဆုတောင်း
မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဟာသင်္ကြန်ကြိုဆိုပွဲပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည် ခိုင်ဖြိုးပါတီမဟာသင်္ကြန်ကြိုဆိုပွဲကို မြို့နယ်ရုံးခန်းမ၌ ယခုလ ၇ ရက်မွန်းလွဲ ၃ နာရီ တွင်ပြုလုပ်ရာ ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးတင်ဦး၊ ခရိုင်ကော်မတီဝင် ဦးမင်းမင်း၊ ဦးမျိုးဇော်၊ မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမင်းဦး နှင့်မြို့နယ်ကော်မတီဝင်များ၊ (၃၂)ရပ်ကွက်မှရပ်/ ကျေးများစုစုပေါင်းအင်အား ၁ဝဝ ဖြင့် စုပေါင်းကာ မုန့်လုံးရေပေါ်လုံးကြပြီး တက်ရောက်လာသူများအား ဗလာမပါကံစမ်းမဲများဖောက်၍သပြေခက်ဖြင့် ပျော် ပျော်ပါးပါးရေပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယနေ့ နံနက် ၉ နာရီခွဲက လစဉ်ပုံမှန်စည်းဝေးပွဲကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုး၊ အတွင်းရေးမှူး ဦးစည်သူအောင်နှင့် မြို့နယ်ကော်မတီဝင်များမှရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စည်းမှူးများမှလည်း ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စိုးတင်မြင့်(ရွှေကြို့မြေ)
တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များပါတီဝင်စိစစ်ရေးလုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ သည်ပါတီဝင်စိစစ်ရေးလုပ်ငန်းပါတီနှစ်စဉ်ကြေးကောက်ခံခြင်းလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဘဏ္ဍာရေးမှူးဦးမင်းနိုင်၊ မြို့နယ်ကော်မတီဝင် ဒေါ်ယုဇနဝင်း၊ ဒေါ်ငြိမ်းငြိမ်းစံ၊ ကျေးရွာစည်းမှူး ဦးဇော်မင်းဦး၊ ဦးစိုး မင်းနိုင်နှင့် ပါတီဝင်များ၊ မြို့မတိုက်နယ် ရှေ့ခြမ်းကျေးရွာများသို့ သွားရောက်၍ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးများ ကောက်ခံခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းဆင့်(တွံတေး)



