လွိုင်ကော် မတ် ၁၅
လွိုင်ကော် မတ် ၁၅
၂၀၁၈ ခုနှစ် မတ်လ(၁၅)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး ခြံဝင်း၌ လူငယ်တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ် အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ပုဏ္ဏားကျွန်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ရပ်/ကျေးလူငယ် အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါလူငယ်တွေ့ဆုံပွဲကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းမှ လူငယ်တွေ့ဆုံပွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်အစုအဖွဲ့တစ်ခုချင်း၏ စာတမ်းများအား
လူငယ်ခေါင်းဆောင်(၇)ဦးမှ ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။
မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် မတ်လ (၁၄) ရက်နေ့ နေ့လည် (၁၁) နာရီမှစတင်ကာ ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ပါတီဌာနချုပ်တွင် နည်းပြသင်တန်း တက်ရောက်ထားကြသူများ တက်ရောက်ကာ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြပြီး မွန်းလွဲ(၁)နာရီချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့သည်။
Crd;
မကွေး ၊ မတ် ၊ ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ အတွင်းရေးမှူးဦးစိုင်းမိုးဇော်ဦးနှင့် ရပ်ကျေးစည်းရုံးရေးမှူးများလိုက်ပါ၍ (၁၄.၃.၂၀၁၈) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု ပူနားကိုကျေးရွာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီ ကျေးရွာရှိအမာခံပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး ကျေးရွာပါတီတာဝန်ခံနှင့် ရပ်ကျေးပါတီဥက္ကဌများ ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည် ။
Crd;
၁၄.၃.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော မကွေးမြို့နယ် စိုင်ကျကျေးရွာက မီးဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ကော်မတီဝင်များမှ တိုင်းပါတီမှလှူဒါန်းသော ဆန်အိတ်၊ မကွေးခရိုင်ပါတီမှ လှူဒါန်းသော ဆီ၊ မြို့နယ်ပါတီမှ လှူဒါန်းသော ခေါက်ဆွဲခြောက်ထုပ်၊ ရေသန့်၊ ဓာတ်ဆားထုပ်များ
စုစုပေါင်းတန်ဘိုးငွေကျပ် (၁၂၀၀၀၀ိ/_)ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းခရိုင် မြို့ နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၄.၃.၂၀၁၈ ရက်နေ့ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး ၊ တိုင်းပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ဥက္ကဌ ဦးလွင်ဦးနှင့် ခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ ခရိုင်ကော်မတီ ဒေါ်အေးအေးမြင့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီများနှင့် ပါတီဝင်များက တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား မတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီက အအေးဘူးများ ဝေငှ လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းယောင်း မတ်လ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်ခရိုင်၊မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ယနေ့မနက်(၉း၀၀)နာရီမှ(၁၁း၀၀)အတွင်းလစဉ်ပုံမှန် ရပ်ကျေးစည်း/မှူးများတွေ့ဆုံပွဲကျင်းပပြုလုပ်သည် ။
တွေ့ဆုံပွဲတွင် မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ အထက်ပါတီဗဟိုအဆင့်ဆင့်၏ ညွှန်ကြားချက်များဆောင်ရွက်ခြင်း၊ လတ်တလောနိုင်ငံရေးဦးတည်ရာလမ်းကြောင်းနှင့် အောက်ခြေရပ်ကျေးစည်း/မှူးတို့၏ အကြံပြုတင်ပြချက်အပေါ် အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ခဲ့သည် ။
ယင်းတွေ့ဆုံပွဲတွင် အောက်ခြေ ရပ်ကွက်(၉)ရပ်ကွက်၏ ပါတီစည်း/မှူး ဥက္ကဌရွှေးခြယ်ခန့်ထားခြင်းအားအတည်ပြုခြင်း၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမားကိုယ်စားပြုအဖွဲ့ခေါင်းဆောင်များအား ရွှေ့းခြယ်ခန့်ထားခြင်းကိုလည်း ဆွေးနွေးခဲ့ကြသည် ။
နေပြည်တော် မတ် ၁၄
နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိ ရပ်ကွက် မင်းဘူး(၃)လမ်း အိမ်အမှတ် ၇ဝ၅၁ ဦးမင်းမင်းဇော်နေအိမ်တွင် ယနေ့နံနက် ၈ နာရီ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်/ ကျေးပါတီရုံးခွဲဖွင့်လှစ်ခြင်း၊ ပါတီအလံတင်ခြင်း နှင့် ပါတီဆိုင်းဘုတ်တင်ခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးမောင်စိုးနှင့် ဦးစိုးမိုးတို့က ရပ်/ကျေးပါတီဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်း၍ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အခမ်း အနားတက်ရောက်လာသူများအားကောက်ညှင်းပေါင်း၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။