
စစ်တွေ၊ မေ ၂၃
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်များမှ ပါတီဝင်သစ် အင်အား ၄ဝဝ ကျော်မှာ ယခုလ ၂၁ ရက် တစ်နေ့တည်းတွင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

စစ်တွေ၊ မေ ၂၃
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်များမှ ပါတီဝင်သစ် အင်အား ၄ဝဝ ကျော်မှာ ယခုလ ၂၁ ရက် တစ်နေ့တည်းတွင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

ရန်ကုန်၊ မေ ၂၂
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ရမည်းသင်း၊ မေ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မ တီဝင်များသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်ဆွယ်အုပ်စု ကန်မြင့်ကျေးရွာတွင် ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

မုံရွာ၊ မေ – ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ နှင့် ခရိုင်မီဒီယာတာဝန်ခံများ အစည်းအဝေးကို ယမန်နေ့နံနက် ( ၉ ) နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ လမ်းညွှန်ချက် များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

မြန်အောင်၊ မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်ပါတီရုံးခန်းမ၌ လူမှုကွန်ရက်ဖြင့် ပြည်သူ့အကျိုးပြုနည်းသင်တန်းအား ယမန်နေ့နံနက် ၉ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မမေဇင်သော်အောင်
မင်းတုန်းမြို့နယ် (ပြည်ခိုင်ဖြိုးလူငယ်)

နေပြည်တော်၊ မေ ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က မြို့နယ်ကော် မတီဝင်များနှင့် အရန်ကော်မတီဝင်များအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့သည်။

မေ၊ ၂၂
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်လူငယ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမတွင် ယနေ့ (၂၂.၅.၂၀၁၈)တွင် ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခဲ့ကြပြီး ပါတီဝင်လူငယ်များက ပြည်ခိုင်ဖြိုးလူငယ် သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။

တမူးပြည်ခိုင်ဖြိုး၊ ( ၂၁ -၅ -၂၀၁၈ )
တမူးပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဌ ဦးခင်မောင်ရွှေ၊ မြို့ နယ်ပါတီဥက္ကဌ ဦးမြင့်အောင်၊ အတွင်းရေးမှူး ဦးဇော်မင်း၊ ကော်မတီဝင် ဦးလေးဝင်း၊ စော်ဘွားရပ်ကွက် ကော်မတီဝင် ဦးနိုင်သူဝင်းတို့သည် တမူးမြို့ နယ် ဝိတုတ်ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်အသစ်တင်ခြင်းနှင့်တွေ့ ဆုံပွဲသို့  တက်ရောက်အားပေးပါသည်။