ဖျာပုံ သြဂုတ် ၉
ဖျာပုံ သြဂုတ် ၉
လွိုင်ကော် – သြဂုတ် ၉
ယနေ့ ၉-၈-၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ နေ့လည် (၁း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန်လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီနာယက ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးဌေးရယ်၊ ဦးရဲဝင်း၊ ဦးအောင်နိုင်ဦး၊ ဦးကျော်သင်း၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်နန်းယဉ်သီတာထွေးနှင့် ဒေါ်ဒေါရစ်လေးတို့ တက်ရောက်ကြောင်း သတင်းရှိရသည်။
ဘီးလင်း၊ သြဂုတ် ၉
ရန်ကုန် သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမိသားစုများမှ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမဆောင်၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။
ညောင်ဦး သြဂုတ် ၉
ညောင်ဦးမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ နံနက် ၉နာရီက ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင်မန္တလေးတိုင်းဒေသကြီး ကော် မတီဝင် ညောင်ဦးခရိုင်တာဝန်ခံ ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေး၊ မြို့နယ်အတွင်းရေး မှူးဦးအောင်ဆန်းဦး၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးများအားလုံး ၈၃ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။
၂၀၁၈ ခုနှစ် ဩဂုတ်လ(၉)ရက်နေ့တွင် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျေးရွာ၌ ကိုယ်ထူကိုယ်ထ မှုလတန်းကျောင်းဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်လျက်ရှိသော ငွေကြေးအခက်အခဲများကို ကျေးရွာသား များမှ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီသို့ အကူအညီတောင်းခံခဲ့ရာ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)နှင့် ပြည်နယ်ကော်မတီဝင် ဦးစန်းငွေ(လူငယ်တာဝန်ခံ)တို့မှ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျေးရွာသားများထံသို့ အလှူငွေ (၃၀၀၀၀၀ိ/-)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ကြသည်။
ရန်ကုန် သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ပညာရေးကဏ္ဍအနေဖြင့် တက္ကသိုလ်ပညာကိုထူးချွန်စွာသင် ယူလျက်ရှိသည့်တက္ကသိုလ်ကျောင်း သားကျောင်းသူ ၁၇ဦးတို့အား (၆) ကြိမ်မြောက်ပညာသင်စရိတ်ချီးမြှင့် ပေးအပ်ပွဲကိုရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော် သြဂုတ် ၉
နေပြည်တော် ဥတ္တရသီရိမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့ နယ်နှင့်ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပခဲ့သည်။
ရန်ကုန် သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တာဝန်ခံများတွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်း သိရ သည်။
နေပြည်တော် သြဂုတ် ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်သည် သြစ တြေးလျနိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessments (ONA) အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိ Ms. Susannah Patton အားယနေ့ မွန်းလွဲ၂နာရီခွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။