
ဝက်လက်၊ သြဂုတ် ၇

ဝက်လက်၊ သြဂုတ် ၇

မအူပင်၊ သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၂ နာရီခွဲထိ မအူပင်မြို့နယ် ပန်တပွတ်ကျေးရွာအုပ်စု ကျေးရွာပါတီကော်မတီဝင် ဦးဝင်းကြည်နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေကျင်၊ သြဂုတ် ၇
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်ခင်ခင်ဝင်းနှင့် ခရိုင်/မြို့နယ်ပါတီမှ တာဝန်ရှိသူများ ဦးဆောင်သော တိုင်းဒေသကြီး ”သီဟသွေး” လူငယ်အဖွဲ့များသည် ယမန်နေ့နံနက် ပိုင်းက ရွှေကျင်မြို့နယ်အတွင်း ဇူလိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေကြီးခဲ့သော ကျေးရွာများသို့ ရေဘေးကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများပေးအပ် ခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ သြဂုတ် ၇
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ၀င်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ သြဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၇

ကံမ၊ သြဂုတ် ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဦးစွာတက် ရောက်ခဲ့သည်။
ကံမ၊ သြဂုတ်၊ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးပိုက်ထွေးသည် ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင် တို့နှင့်အတူ ယနေ့ ၀၉:၃၀ နာရီအချိန်တွင် သရက်ခရိုင်၊ကံမမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်သော ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ တက်ရောက်အားပေးခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည် ။
ဖါးဆောင်းမြို့ – သြဂုတ် ၇
ယနေ့ (၇-၈-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီ မှ( ၁၁း၄၀)နာရီအချိန်အထိ ကယားပြည်နယ် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့် လုင်ငန်းများအတွက်အသေးစိတ် ဆွေးနွေးကြပါသည်။
သီပေါ သြဂုတ် ၆.
ရှမ်း/မြောက် ကျောက်မဲခရိုင် သီပေါမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ၀ါဆိုသင်္ကန်း ကပ်အလှူ တော်မင်္ဂလာ အခမ်းအနားကို ၆.၈.၂၀၁၈ နေ့ နံနက် ၀၈း၅၅ အချိန်တွင် စတင်ကျင်းပရာ ရှေးဦးစွာ မြို့နယ်ပါတီဆိုင်းဘုတ်ကို မြို့နယ်ဥက္ကဌ ဦးဆောင်သောမြို့နယ်ကော်မတီများနှင့် ရပ်ကျေးပါတီအဖွဲ့ဝင်များ လူငယ်အဖွဲ့များ စုပေါင်းသယ်ဆောင်၍ သတ်မှတ်နေရာ၌ တပ်ဆင်ပေးခဲ့ကြပါသည်။
ဖြိုးစေတနာရှင် လူမှုကူညီရေးအသင်းမှ သြဂုတ်လ ၆ ရက်နေ့တွင်မြို့နယ်ပါတီဥက္ကဌဦးအောင် ဖြိုးစေတနာရှင် အသင်းဥက္ကဌ ဦးကျော်လှိုင်နှင့်အသင်းသူ အသင်းသားများမှ ပန်းတိမ်မြောက်ရပ်ကွက်မှ မီးဖွားသူ မခင်မျိုးသူ နှင့် ဈေးရပ်ကွက်မှ ခွဲစိတ်ဆောင်တွင် ဆေးရုံတက်ရောက်နေသူဦးရွှေဝင်းတို့အား ထောက်ပံ့ငွေ ၁၀၀၀၀ိ/စီ ပေးအပ်ခဲ့ပါသည်။
ယမန်နေ့ မနက်ပိုင်းက ဖြိုးစေတနာရှင်လူမှု့ကူညီရေးအသင်းမှ ၂၆ . ၇ .၂၀၁၈ရက်နေ့တွင်ကွယ်လွန်သွားခဲ့သည့် စံလောင်းကျေးရွာ ရပ်ကျေးစည်းမှူးဦးရဲမြင့်၏မိခင်ဖြစ်သူအတွက်ထောက်ပံ့ငွေ ၁၀၀၀၀ိ /အားပေးအပ်ခဲ့ပါသည်။