


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ
====================
ဩဂုတ် ၁၈၊ ပုသိမ်



ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ
====================
ဩဂုတ် ၁၈၊ ပုသိမ်



ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တက်ရောက်
===========================
ပျော်ဘွယ် သြဂုတ် ၁၈
ပြည်ထဲရေးဝန်ကြီးဌာန၊မီးသတ်ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သောခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၆)ကို ယနေ့သြဂုတ်လ (၁၈)ရက်နေ့၊နံနက်(၁၀:၀၀)နာရီတွင်ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ဖွင့်လှစ်ရာပြည်ခိုင်ဖြိုးပါတီ၊ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးတက်ရောက်ခဲ့ပါသည်။


ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်၊ မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ
=======================
၂၀၂၆ခုနှစ်၊ သြဂုတ် ၁၆ရက် နံနက် ၀၈ ၀၀ နာရီအချိန်တွင် ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းတွင် ဗဟိုပါတီအတွင်းရေးမှူး ဦးသန်းထွန်းဦးဆောင်၍ ကျင်းပပြုလုပ်သော လမ်းညွှန်ချက်နှင့် လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ ပုသိမ်ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ပုသိမ်မြို့နယ် ယာယီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး နံနက် ၁၀ ၃၀နာရီ အချိန်တွင်ပြီးဆုံးခဲ့ပါသည်၊၊


ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော လွတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း တက်ရောက်
=======================
ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော လွတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို (၁၅.၈.၂၀၂၆)နေ့လည် (၁၁း၄၀)နာရီတွင် မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်း၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်တို့က လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားအား နေ့လည် (၁၂း၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်အင်အားမှာ (၉၀)ဦး ဖြစ်ပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖိတ်ကြားမှုဖြင့် ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ပါတီမှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်နှုတ်ဆက်
==========================
ရန်ကုန် ဩဂုတ် ၁၅





ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့အား ညစာ(GALA Dinner)ဖြင့် တည်ခင်းဧည့်ခံ
========================
ဩဂုတ် ၁၃၊ နေပြည်တော်





ပြည်ခိုငိဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုတွေ့ဆုံ
———————-
ဩဂုတ် ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ ကြိုဆိုတွေ့ဆုံခဲ့ပါသည်။