သံဖြူဇရပ် အောက်တိုဘာ ၁၄
သံဖြူဇရပ်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီ ကကျင်းပရာ ရှေးဦးစွာ နိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော် သီချင်း သံပြိုင်သီဆိုကာ အခမ်း အနားဖွင့်လှစ်ခဲ့သည်။ ဗဟိုအလုပ် အမှုဆောင်မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက
တက်ရောက် အဖွင့်အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်အမျိုးသမီး ရေးရာတာဝန်ခံဒေါ်မေသူဝင်းကဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲနှင့်သက်ဆိုင်သည့်အချက်အလက်များကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
