
Ooredoo တာဝါတိုင်၏ ၂၅ ရာခိုင်နှုန်း 4G ကွန်ရက်ရရှိမည်ဖြစ်ကြောင်း Ooredoo Myanmar ၏ အမှုဆောင် အရာရှိချုပ် Mr Rene Meza က ပြောသည်။ Ooredoo အနေဖြင့် လက်ရှိတာဝါတိုင်များအထဲမှ ၂၅ ရာခိုင်နှုန်းမှာ 4G ၀န်ဆောင်မှုရရှိမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ပြီ ဖြစ်ရာ တာဝါတိုင်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ရရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ အခြားမြို့များသို့ တိုးချဲ့သွားမည် ဖြစ်ကြောင်း ဆိုသည်။









