MPT အချင်းချင်း ဖုန်းခေါ်ဆိုမယ်ဆိုရင် တစ်မိနစ်ကို ၁၀ ကျပ်ပဲ ကျသင့်တော့မယ့် အစီအစဉ်တစ်ခုကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဒီအစီအစဉ်သစ်မှာ MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ MPT ကနေ အခြားဆက်သွယ်ရေး အော်ပရေတာတွေကို ဖုန်းခေါ်ဆိုခြင်းတွေအပြင် စာတိုပေးပို့တာ၊ အင်တာနက် အသုံးပြုတာတွေကို အသက်သာဆုံးနှုန်းထားနဲ့ ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ အသေးစိတ်မကြေငြာသေးပေမယ့် မကြာခင်မှာ ထုတ်ပြန်သွားမှာ ဖြစ်တ်ာလို့ သိရပါတယ်။






