
အိန္ဒိယနိုင်ငံရှိ တယ်လီကွန်းကုမ္ပဏီများသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ထရီလီယံ တန်ကြေးရှိသော ဒစ်ဂျစ်တယ်စီးပွားလုပ်ငန်းအဖြစ် ရပ်တည်ရန် ရည်မှန်းထားသောကြောင့် ယခုလအတွင်း မြို့အများအပြားတွင် 5G ဝန်ဆောင်မှုများ စတင် ပေးဆောင်နေပြီဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ တယ်လီကွန်းကုမ္ပဏီများသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ထရီလီယံ တန်ကြေးရှိသော ဒစ်ဂျစ်တယ်စီးပွားလုပ်ငန်းအဖြစ် ရပ်တည်ရန် ရည်မှန်းထားသောကြောင့် ယခုလအတွင်း မြို့အများအပြားတွင် 5G ဝန်ဆောင်မှုများ စတင် ပေးဆောင်နေပြီဖြစ်သည်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖုန်းတွေမှာ Identification နည်းလမ်းများစွာကို ဖန်တီးခဲ့ကြပြီး အဲဒါတွေထဲမှာ Password , Fingerprint , Face Recognition နဲ့ Pattern တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ပညာရှင်တွေက ပိုမို စိတ်ချရတဲ့ Identification နည်းလမ်း အသစ်တွေကို ရှာဖွေနေကြပါတယ်။

အမေရိကန် Federal Aviation Administration (FAA) က Terrafugia ရဲ့ Transition ကားပျံကို Special Light-Sport Aircraft Airworthiness Certificate ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် အခြေစိုက် Terrafugia က ဝေဟင်မှာရော မြေပြင်မှာပါ မောင်းနှင်နိုင်ဖို့အတွက် သက်သေခံ လက်မှတ်ရသွားတာလို့ ပြောပါတယ်။

တရုတ် Metaverse ကုမ္ပဏီ ၁ ခုက လူတူ စက်ရုပ်ကို CEO ရာထူး ခန့်ထားပါတယ်။ စက်ရုပ် နာမည်က Ms Tang Yu ဖြစ်ပြီး AI ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ စက်ရုပ်ကို CEO ရာထူး ခန့်ထားတာ ဒါဟာ ကမ္ဘာ့ ပထမဆုံး ဖြစ်ပါတယ်။

အက်ပဲလ်က သူတို့ရဲ့ နောက်ဆုံးထုတ် အိုင်ဖုန်း၁၄ ကို တရုတ်မှာ မထုတ်တော့ဘဲ အိန္ဒိယမှာ စပြီးထုတ်လုပ်နေပြီလို့ ပြောပါတယ်။
အက်ပဲလ်က သူတို့ရဲ့ ဖုန်းအများစုကို တရုတ်မှာ ထုတ်လုပ်နေခဲ့ပေမဲ့ အခု တရုတ်နဲ့ အမေရိကန်ကြား နိုင်ငံရေးတင်းမာမှုတွေ တိုးလာချိန်မှာတော့ ထုတ်လုပ်ရေးလုပ်ငန်းတချို့ကို တရုတ်ပြည်ပြင်ပကို ရွှေ့ပြောင်းပြီး လုပ်လာတာပါ။ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာ့ ကပ်ရောဂါကြီးဖြစ်လာပြီး တရုတ်ကလည်း သူ့ပြည်တွင်းမှာ ကိုဗစ်လုံးဝကင်းစင်ရေး မူချပြီး လော့ခ်ဒေါင်းချပိတ်ဆို့ ကန့်သတ်မှုတွေအများကြီး လုပ်ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းရပ်တန့်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။

အမေဇုန်သည် ၂၀၂၅ ခုနှစ်၌ ၎င်း၏လုပ်ငန်းခွင်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ရာနှုန်းပြည့်အသုံးပြုနိုင်ရန် ကြိုးပမ်းနေသဖြင့် ၂ ဒသမ ၇ ဂစ်ဂါဝပ်ပမာဏရှိသည့် သန့်ရှင်းသောစွမ်းအင်ကို စီမံချက်အသစ်များတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

မန်ယူတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ အအောင်မြင်ဆုံး ဘောလုံးသမား အဖြစ် ရပ်တည်နေပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်မယ့်ကစားသမားတွေထဲ ပရိသတ်အပေါ် အလွှမ်းမိုးနိုင်ဆုံးကစားသမားစာရင်းမှာ ရော်နယ်ဒိုဟာ မက်ဆီ၊ နေမာ နဲ့ အမ်ဘာပီ တို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်တဲ့ လောင်စာဆီတွေကို အစားထိုးနိုင်မယ့် နည်းလမ်းတွေကို ပညာရှင်တွေက ရှာဖွေနေကြပါတယ်။
အခုတော့ ဖင်လန် Oulu တက္ကသိုလ်က Nano and Molecular Systems Research Unit (NANOMO) မှ သုတေသနပညာရှင်တွေက ရေကို လောင်စာဆီ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ်။ နေအလင်းရောင်ကို အသုံးပြုကာ ရေကို အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် အဖြစ် ခွဲခြားပေးကာ အဲဒီကနေ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

LG က 6G Terahertz (THz) ဒေတာ ပေးပို့မှုနဲ့ လက်ခံမှုကို အောင်မြင်စွာ စမ်းသပ်နိုင်ပါပြီ။ ဂျာမနီ နိုင်ငံ ဘာလင်က Fraunhofer Heinrich Hertz Institute (HHI) မှာ စက်တင်ဘာလ ၇ ရက်နေ့က စမ်းသပ်ခဲ့တာ ဖြစ်ပြီး Frequency Range က 155-175 GHz အတွင်း ရှိပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ 6G ဆက်သွယ်မှုကို စီးပွားဖြစ် ဝန်ဆောင်မှု ပေးဖို့ အရေးကြီးတဲ့ အဆင့်လို့ ပြောပါတယ်။

အီလွန်မာ့စ်ထံ ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ ရောင်းချရေးအစီအစဉ်ကို တွစ်တာရဲ့ ရှယ်ယာရှင်တွေက အတည်ပြုမဲပေးခဲ့ကြပြီး သူတို့ရဲ့ ဆန်ဖရန်စစ္စကို ရုံးချုပ်ကနေ ရှယ်ယာရှင်တွေဆီ ဗီဒီယိုကွန်ဖရင့် ခေါ်ဆိုပြီး အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒါက တွစ်တာကို အီလွန်မာ့စ်က ဝယ်ယူရေး အထမြောက်စေရန် ကုမ္ပဏီက တရားရုံးတွေကနေ လုပ်ဆောင်ရမယ်ဆိုတာကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။