
ရုရှားနဲ့ ယူကရိန်း စစ်ပွဲက အခုထက်ထိ မပြီးသေးပါဘူး။ အခုတော့ ယူကရိန်းက Xiaomi ဟာ ရုရှားကို ကူညီနေပြီး National Agency for the Prevention of Corruption of Ukraine (NAZK) က Xiaomi ကို International War Sponsor စာရင်းထဲ ထည့်လိုက်ပါတယ်။

ရုရှားနဲ့ ယူကရိန်း စစ်ပွဲက အခုထက်ထိ မပြီးသေးပါဘူး။ အခုတော့ ယူကရိန်းက Xiaomi ဟာ ရုရှားကို ကူညီနေပြီး National Agency for the Prevention of Corruption of Ukraine (NAZK) က Xiaomi ကို International War Sponsor စာရင်းထဲ ထည့်လိုက်ပါတယ်။

Xiaomi က စွမ်းရည်မြင့် 13 Ultra ကို ဒီလ ၁၈ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး မကြာခင်က CEO နဲ့ တည်ထောင်သူ Lei Jun က 13 Ultra ကို Point-and-shoot ကင်မရာလို သုံးနိုင်မယ့် ဖုန်း Accessory ကို ဝီဘိုမှာ ပြသလိုက်ပါတယ်။

ပုံမှန်စက်ဘီးတွေလိုမဟုတ်တဲ့ ဒီလေးထောင့်ဘီးတပ်စက်ဘီးကို “The Q” YouTube ချန်နယ်ရဲ့ ဆာဂီ ဂျော်ဒိုင်အီဗ်ဆိုသူက တီထွင်ဖန်တီးခဲ့တာပါ။ ဆာဂီက စက်ဘီးတွေကို စူးစမ်းလေ့လာစမ်းသပ်ရတာကို နှစ်သက်တဲ့သူပါ။ ဒါကြောင့် လေးထောင့်ဘီးတွေကလည်း မောင်းနှင်လို့ရမရ သိရအောင် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆာဂီက ခြေနင်းနှင်လိုက်တာနဲ့ လေးထောင့်အောက်ခံဘောင်တွေ မရွေ့ဘဲ တာယာတွေရွေ့လျားသွားမယ့် ပုံစံဖန်တီးခဲ့တာပါ။ လေးထောင့်ဘီးပြုလုပ်ပုံအပါအဝင် လေးထောင့်ဘီးနဲ့လည်း ရွေ့လျားသွားနိုင်တယ်ဆိုတာကို ပြသတဲ့ ဗီဒီယိုကိုလည်း ဧပြီလ ၉ ရက်နေ့က တင်ခဲ့ပါတယ်။

ဗြိတိန် အာကာသ အေဂျင်စီက အာကာသယာဉ်မှူးတွေ လ မှာ အခြေချနိုင်ဖို့ နယူးကလီးယား စက်ရုံ တည်ဆောက်မယ့် Rolls-Royce ရဲ့ သုတေသန စီမံကိန်းကို ထောက်ပံ့မယ်လို့ ကြေညာလိုက်ပါတယ်။
Rolls-Royce အင်ဂျင်နီယာတွေဟာ လ မှာ လူသားတွေ နေထိုင်နိုင်၊ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးမယ့် နည်းပညာကို ဖန်တီးဖို့ Micro-Reactor စီမံကိန်းကို ပြုလုပ်နေကြပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်က ကမ္ဘာ့ပထမဆုံး မိုလ်ဘိုင်းဖုန်း ခေါ်ဆိုမှုကို နယူးယောက်မြို့ကနေ စတင်ခဲ့တာဖြစ်ပါတယ်။
မိုလ်ဘိုင်းဖုန်းကို စတင် ဖန်တီးခဲ့တဲ့ အင်ဂျင်နီယာ မာတင် ကူးပါး က သူ့ရဲ့ စမ်းသပ်မှု အောင်မြင်ကြောင်း အခြားကုမ္ပဏီက ပြိုင်ဘက် တစ်ဦးကို မိုလ်ဘိုင်းဖုန်းကနေ ဆက်သွယ် ပြောကြားခဲ့တာပါ။

တရုတ် လျှပ်စစ်ကား ကုမ္ပဏီ BYD က စမတ်ဖုန်း Accessory ဈေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ Xiaomi က ကားတွေ ဖန်တီးနေပြီး Huawei က ကားထုတ်လုပ်သူတွေအတွက် နည်းပညာတွေ ရောင်းနေသလို Nio က ပထမဆုံး စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ BYD ရဲ့ စမတ်ဖုန်း Accessory ကတော့ ကားသော့လို သုံးနိုင်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။

Apple ဟာ လျှပ်စစ်ကား စီမံကိန်းကို အကောင်အထည် ဖော်နေပြီး မောင်းသူမဲ့ နည်းပညာကိုလည်း ဖန်တီးနေပါတယ်။ Apple ဟာ မောင်းသူမဲ့ နည်းပညာအတွက် LiDAR Sensor ကို အများကြီး မှီခိုထားပါတယ်။ ကုမ္ပဏီဟာ iPhone , iPad Pro အတွက် LiDAR Sensor တွေကို ထုတ်လုပ်ပေးနေတဲ့ တရုတ် ကုမ္ပဏီ Wenmao ဆီကနေ ကားအတွက် LiDAR Sensor တွေကို အသုံးပြုနိုင်ပါတယ်။

Redmi Note Series ဟာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း Series ၁ ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ Xiaomi က Redmi Note Series အလုံးရေ သန်း ၃၀၀ ကျော် ရောင်းချထားပြီးပြီလို့ ပြောပါတယ်။

ဩစတြီးယားနိုင်ငံ ဗီယင်နာရှိ နည်းပညာတက္ကသိုလ်က သုတေသီတွေဟာ လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေထက် ကြီးမားတဲ့ စွမ်းအင်သိုလှောင်မှုမှာ အသုံးပြုနိုင်မယ့် အောက်ဆီဂျင်အိုင်းယွန်းဘက်ထရီအမျိုး သစ်တစ်ခုကို တီထွင်ဖန်တီးလိုက်ပါတယ်။
တီထွင်လိုက်တဲ့ အောက်ဆီဂျင် အိုင်းယွန်းဘက်ထရီရဲ့စွမ်းအင် သိပ်သည်းဆဟာလစ်သီယံအိုင်ယွန်း ဘက်ထရီ တွေလောက် မမြင့်မားပေမယ့်ထုတ်လုပ်မှုမှာ သဘာ၀ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်သလို အားသာချက်တွေလည်း ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။